Latest News

Friday, June 8, 2018

သမိုင်းဘူတာ ပျံကျဈေးသည်များ ဆိုင်ခန်းသတ်မှတ်ထားသည့်နေရာသို့ စတင်ပြောင်းရွှေ့ 

သမိုင်းဘူတာ ပျံကျဈေးသည်များ ဆိုင်ခန်းသတ်မှတ်ထားသည့်နေရာသို့ စတင်ပြောင်းရွှေ့ 

ရန်ကုန်  ဇွန်  ၇

ရန်ကုန်တိုင်းဒေသကြီး   မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်ဈေးခေါ်  သမိုင်းဘူတာဈေး (မြရတနာဈေး)ရှိ ပျံကျဈေး သည်များအနေဖြင့် ဆိုင်ခန်းသတ်မှတ် ပေးထားသည့်နေရာများသို့   ယနေ့မှစတင်ကာ ပြောင်းရွှေ့နေကြောင်း သိရသည်။ အဆိုပါဈေးရှိ ပျံကျဈေးသည်များအတွက် ဈေးနေရာသစ်ကို မြရတနာဈေး အနီး၌    ဆောက်လုပ်ပေးထားခြင်း ဖြစ်ပြီး ဆိုင်ခန်းပေါင်း  ၃၉၁  ခန်း ပါရှိကြောင်း သိရသည်။

''ဈေးနေရာပြောင်းရွှေ့ဖို့နဲ့ ပတ်သက်ပြီး ပျံကျဈေးသူဈေးသားတွေကို အသိပေး ထားပြီး ဖြစ်ပါတယ်။ဈေးနေရာသစ်ကိုလည်း   ဧပြီလလောက်ကတည်းက  စပြီး အကောင်အထည် ဖော်နေတာပါ။ လက်ရှိ မှာ ဈေးရောင်းဖို့နေရာ လုပ်ပေးထားသလို ဈေးအင်္ဂါရပ်နဲ့ညီအောင်   လိုအပ်တာတွေ လည်းလုပ်နေပါတယ်။  အမိုးမရှိသေးတာ ကိုတော့ ဈေးသူဈေးသားတွေရဲ့ စုပေါင်းအားနဲ့ပဲ လုပ်မှာပါ''  ဟု  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ    ဦးထွန်းအောင်သင်း ကပြောသည်။

ဈေးသစ်နေရာချထားရာတွင် ၅  ပေ ပတ်လည်အကွက်များ  သတ်မှတ်ပေးခြင်းဖြစ်ပြီး   နိုင်ငံတော်အစိုးရမှ  ငွေကြေးစိုက်ထုတ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ''ဒီလို ကိုယ့်ဆိုင်နေရာနဲ့ကိုယ် ဖြစ်အောင် သတ်မှတ်ပေးလိုက်တာ ကောင်းပါတယ်။  အရင်ကတော့ ရထားရှောင်ရတာ အလုပ်တစ်ခုလိုဖြစ်နေတယ်။ အခုတော့ အဲဒါကို စိတ်မပူရတော့ဘဲ အေးအေးဆေးဆေး ရောင်းဝယ်နိုင်တာပေါ့'' ဟု ဈေးနေရာသစ် သို့ ပြောင်းရွှေ့ရောင်းချသူ ကုန်စိမ်းသည် ကိုမင်းမင်း ကပြောသည်။

လက်ရှိတွင်  အဆိုပါဈေးနေရာသစ်ကို သမိုင်းဘူတာဈေးဟု  သတ်မှတ်ထားပြီး ဈေးအင်္ဂါရပ်နှင့် ပြည့်စုံစေရန် သုံးခန်းတွဲ အိမ်သာနှစ်လုံးနှင့် ရေ၊မီးသွယ်ခြင်းများ  လုပ်ဆောင်နေပြီဖြစ်ကြောင်း  သိရသည်။

MWD

No comments:

Post a Comment