Latest News

Friday, June 8, 2018

ကျောင်သား(၄)ဦး၊ကျောင်သူ(၁)ဦး နှင့် အမျိုးသမီး(၁)ဦး ချောင်းရေနှင့်မျောပါ ပျောက်ဆုံး

ကျောင်သား(၄)ဦး၊ကျောင်သူ(၁)ဦး နှင့် အမျိုးသမီး(၁)ဦး
ချောင်းရေနှင့်မျောပါ ပျောက်ဆုံး

မကွေး  ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအနီးရှိ ချုပ်ချောင်းအတွင်း ဇွန်(၇)ရက်နေ့ ညနေပိုင်းက ကျောင်းအပြန် ကျောင်းသား(၄)ဦး၊ ကျောင်းသူ(၂)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ ချောင်းဖြတ်ကူးစဉ် ရေစီးဖြင့် ချောင်းအတွင်းမျောပါသွားခဲ့ပြီး ကျောင်းသူ(၁)ဦးအား အသက်ရှင်လျှက်ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်ရှိနေသူများအား တာဝန်ရှိ သူများမှ ရှာဖွေကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း  ဆောမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ဇွန်(၇)ရက်နေ့ ညနေ(၄)နာရီအချိန်က ဆောမြို့နယ်၊ သီးကုန်းကျေးရွာ အနောက်ဘက် (၁)မိုင်ခန့်အကွာ ကြဲလောင်ချောင်း နှင့် ချုပ်ချောင်း ချောင်းဆုံနေရာတွင် ဇွန်(၇)ရက်နေ့ ညနေ(၄)နာရီအချိန်က အ.လ.က(သီးကုန်း)မှ ကျောင်းတက်ပြီး ညနေကျောင်းဆင်း၍ ချောင်းဖြတ်ကူးစဉ် ဆောမြို့နယ်၊ ချောင်းဖျားကျေးရွာ နေသူများဖြစ်ကြသော  မပန်မနား၊၁၀နှစ်၊ စတုတ္ထတန်း၊ မောင်ထုံလိန်း၊၈နှစ်၊ဒုတိယတန်း၊ မောင်ထန်းဟုန်း၊၈နှစ်၊ပထမတန်း၊ မလှူးလိန်း၊၅နှစ် KG တန်း၊ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီး(၁)ဦး နှင့် ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်၊ ငကြဲကျေးရွာ နေသူများဖြစ်ကြသည့် မောင်နိုင်လိန်း၊၉နှစ်၊တတိယတန်း၊ မောင်ပိုင်ဟုန်း၊၉နှစ်၊တတိယတန်း၊ စုစုပေါင်းလူ(၇)ဦးသည် ချောင်းရေစီးနှင့်အတူ မျောပါသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လူ(၇)ဦးချောင်းအတွင်းမျောပါ သွားခဲ့မှုပက်သက်၍ ဒုမြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်နိုင်မိုး နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်းနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသန်းနှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး များအပါဝင် ဒေသခံကျေးရွာနေသူပြည်သူများ မှ ဝိုင်းဝန်းရှာဖွေခဲ့ကြရာ ၎င်းနေ့ ည(၇)နာရီအချိန်တွင် မပန်မနားအား ဆောမြို့နယ်၊ သီးကုန်းကျေးရွာ သုဿန်အနီးတွင် အသက်ရှင်လျှက် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရေစီးနှင့်မျောပါသွားသူ(၆)ဦးအား တာဝန်ရှိသူများမှ ချုပ်ချောင်းတစ်လျှောက် လိုက်လံရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မြန်​မာ့အလင်း


                                                 

No comments:

Post a Comment