Latest News

Friday, June 1, 2018

ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သောညွန်ကြားချက်အပေါ် ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းသားသမဂ္ဂများမှ ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်

ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သောညွန်ကြားချက်အပေါ် ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းသားသမဂ္ဂများမှ ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်


ပုသိမ် ဇွန်လ၁ရက်

ပညာရေးဝန်ကြီးဌာနမှ၂၀၁၈ခုနှစ် မေလ၃၀ရက် နေ့တွင်  ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများနှင့် တက္ကသိုလ် ဒီကရီကောလိပ် ကောလိပ်များအား လိုက်နာဆောင်ရွက်နိုင်ရန် အသိပေးညွန်ကြားရန် ရည်ညွန်းချက်ပါ စာဖြင့်အကြောင်းကြားလာသည့် ထုတ်ပြန်ချက်အား ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းသားသမဂ္ဂများမှဇွန်လ၁ရက်နေ့တွင် ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ခဲ့သည်


ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများနှင့် တက္ကသိုလ် ဒီကရီကောလိပ် ကောလိပ်များအားစာတမ်းဖတ်ပွဲများဟောပြောပွဲများ သင်တန်းများ ဆွေးနွေးပွဲများကျင်းပလျက်ရှိရာဟောပြောပို့ချမည့်အကြောင်းအရာကိစ္စများနှင့်ဆက်နွယ်မူ့ မရှိသောအကြောင်းအရာကိစ္စများကိုဟောပြောပို့ချခြင်းမပြုကြရန်အတွက် အဆိုပါကော်လိပ်များကလိုက်နာဆောင်ရွက်နိုင်ရန် အသိပေးညွန်ကြားရန် ရည်ညွန်းချက်ပါ စာဖြင့်အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်

ပညာရေးဝန်ကြီဌာနမှ ၂၀၁၈ခုနှစ် မေလ ၂၁ရက်နေ့နှင့် ၂၀၂၈ခုနှစ် မေလ ၃၀ရက်နေ့တွင် ကျောင်းတွင်းဟောပြောပွဲများဆွေးနွေးပွဲများကျင်းပခြင်းကို စာအမှတ် အဆင့် မြင့်/ရုံးချူပ်/ညွန်ကြားချက်/၂၀၁၈/၄၄၉၉နှင့်အဆင့်မြင့်နဝက/မူဝါဒ/၂၀၁၈(၅၀၂၈)များဖြင့် ညွန်းကြားချက်အသီးသီးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်

ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာခဲ့သော စာများသည် ဒီမိုကရေစီ ပညာရေးစနစ် ဖော်ဆောင် နေမူ့ အတွက် အဟန်အတားသက်သက်သာဖြစ်ကြောင်း နိုင်ငံရေးနှင့် သက်ဆိုင်သည့်ဟောပြောပွဲ ဆွေးနွေးပွဲများ ခွင့်မပြုရန်နှင့် ခွင့်ပြုမိန့်တောင်းခံရခြင်းကိစ္စများသည်လိုအပ်သည်ထက်ပိုမိုသော ချူပ်ချယ်ကန့်သတ်ထားမူ့များသာဖြစ်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းသားသမဂ္ဂများမှထုတ်ပြန်ထားသည်

ဆက်လက်ပြီး ကျောင်းသားများကျင်းပပြုလုပ်လိုသည့် ဟောပြောပွဲ ဆွေးနွေးပွဲများအတွက် ကညာရေးဝန်ကြီးဌာနအားခွင့်ပြုမိန့်တောင်းခံသော်လည်းအကြောင်းအမျိုးမျိုးပြခွင့်ပြုမိန့်ပယ်ချခြင်းစသည့် နောက်ဆက်တွဲပိတ်ပင်တားဆီးလာမည့်ကိစ္စများအားလည်းကြိုတင် သတိပြုမိပါကြောင်းယခုလုပ်ရပ်သည် ဒီမိုကရေစီ ပညာရေးစနစ်ဖော်ဆောင်နေမူ့အတွက် အဟန့်အတားသက်သက်သာဖြစ်ကြောင်းနိုင်ငံရေးနှင့်သက်ဆိုင်သည့်ဟောပြောပွဲမပြုလုပ်ရန် ခွင့်ပြုမိန့်တောင်းခံကိစ္စသည်လိုအပ်သည်ထက်ပိုမိုချူပ်ချယ်ကန့်သတ်ခြင်းသာဖြစ်ကြောင်း ဟု ၎င်းထုတ်ပြန်ချက်တွင်ပါရှိသည်

"ကျွန်တော်တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ ဒီပညာရေးဌာနကထုတ်ပြန်ထားတဲ့အကြောင်းအရာကိုလက်မခံဘူးကန့်ကွက်တယ် ဘာလို့လဲဆို ဒီလိုခေတ်ပညာတက်တွေကနိုင်ငံရေးအကြောင်းမပြောရမလုပ်ကဘူးဆို နောင်တစ်ချိန်မှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာခဲ့ရင်ဘာမှနိုင်ငံရေးအကြောင်းနားမလည်ရအောင်လား ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသားတွေကနိုင်ငံ့ခေါင်းဆောင်တွေမဖြစ်လာဘူးလို့သတ်မှတ်ထားလို့ခုလိုလုပ်တာလား ဒီလိုကျောင်းသားတွေကိုလုပ်ခွင့်မပေးတော့လမ်းဘေး သူခိုးတံတောင်းစားတွေကိုပြောခွင့်ပေးမာလား လို့စဉ်းစားမိတယ်"ဟု ကန်ကြီးထောင့်နေ ပုသိမ်တက္ကသိုလ် ဘူမိဗေဒကျောင်းသား ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ကိုမြတ်မင်းကတိုင်းဧရာကိုပြောသည်

အဆိုပါ သဘောထားများအား ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်) ပုသိမ် နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပုသိမ်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဟင်္သာတ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်) ဟင်္သာတနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်) ဟင်္သာတကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချူပ်) မအူပင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မအူပင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)  မအူပင်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ယာယီ)နှင့် ဝါးခယ်မ AGTIကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)တို့မှ ပူးပေါင်းထုတ်ပြန်ထားသည်

အဆိုပါနည်းတူ ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအလုပ်အမူ့ဆောင်အဖွဲ့ မှလည်း ပညာရေးဌာန၏ထုတ်ပြန်ချက်အားကန့်ကွက်ကြောင်းနှင့်အမြန်ဆုံးရုတ်သိမ်းပေးရန်တောင်းဆိုချက် ထုတ်ပြန်ခဲ့ကြောင်းသတင်းရ ရှိသည်


သတင်းထောက်=ရွှေရည်ဝင်း

No comments:

Post a Comment