Latest News

Friday, June 1, 2018

စွန့်ပစ်မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူနှစ်ဦး သေဆုံး

စွန့်ပစ်မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူနှစ်ဦး သေဆုံး

ဖားကန့်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီး စံတော်ဝင်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း မေ၃၁ရက် နံနက်၁၀နာရီက စွန့်ပစ်မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊မှော်စီစာကျေးရွာအနီးရှိ စံတော်ဝင်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူများမှ ကျောက်ရှာဖွေနေစဉ် အမြင့်ပေ(၁၅၀)ခန့်ရှိ စွန့်ပစ်မြေစာများသည် အကျယ်ပေ(၄၀၀)ခန့်ရှိ ရွှံ့နွံကန်အတွင်းသို့ ပြိုကျရာမှ စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ချမ်ကုန်းကျေးရွာနေ မြင့်ကျော်(၄၁)နှစ်နှင့် ကျွန်းလှမြို့နယ်၊ပေကုန်းကျေးရွာနေ အောင်ဘို(၄၀)နှစ်တို့ နှစ်ဦးမှာမြေစာများပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

မြေစာပုံပြိုကျရာနေရာသို့ လုံးခင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးမင်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ကာ သေဆုံးသည့်ရုပ်အလောင်းနှစ်လောင်းအား လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment