Latest News

Sunday, June 10, 2018

ဟုမ္မလင်းမြို့နယ် ရှိ ရွှေမျောများစွန့်ပစ်မြေစာကြောင့် လယ်ယာမြေများပျက်စီးမှုအား ပြန်စိုက်နိုင်ရန် တိုင်းအစိုးရ ကူညီမည်

ဟုမ္မလင်းမြို့နယ်  ရှိ ရွှေမျောများစွန့်ပစ်မြေစာကြောင့် လယ်ယာမြေများပျက်စီးမှုအား  ပြန်စိုက်နိုင်ရန် တိုင်းအစိုးရ ကူညီမည်


     စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်နန်းချောင်းရိုးရှိ ရွှေမျောလုပ်ငန်းများမှ စွန့်ပစ် မြေစာများကြောင့် လောင်းမင်းရွာတောင်သူများ၏ လယ်ယောမြေပျက်စီးခဲ့မှုကို ပြန်လည် စိုက်ပျိုးနိုင်သည့်မြေများဖြစ်အောင် တိုင်းအစိုးရမှ ကျွမ်းကျင်ပညာရှင်အဖွဲ့ စေလွှတ်ပြိး စစ်တမ်း ကောက်ယူသွားမည်ဟု စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ ကပြောသည်။
   
၎င်းချောင်းရိုးတစ်လျောက်  မိုင် ၂၀ ၀န်းကျင်တွင် ပုံလွန်မှော် ၊ကြာဇံချောင်းမှော်၊နမ်နှစ်မှော်၊မဏိစန္ဒာမှော်၊ခိုတောင်းမှော် တို့ ရှိပြီး နှစ်ပေါင်းများစွာ ရွှေမျောလုပ်ငန်းများမှ စွန့်ပစ်သည့် ရွှံနွံမြေစာများကြောင့် ချောင်းမှာ တိမ်ကောသွားပြီး လယ်ယာမြေများတွင်လည်း နွံထု ၆ လက်မထိ ဖုးံအုပ်၍ စိုက်ပျိုးမရ ဖြစ်နေကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားသည်။
 
"   လုးံဝ စိုက်ပျိုးလို့မရတဲ့ နေရာတွေ၊သီးနှံအထွက်နှုန်းလျော့နိုင်တဲ့လယ်ယာမြေတွေကို စစ်တမ်းကောက်ပြိး ပြန်စိုက်နိုင်ရန်နဲ့ သီးနှံအထွက်တိုးဖို့ မြေဆီလွှာများပြုပြင်ရန်ကို ပညာရှင်တွေ စေလွှတ်ဆောင်ရွက်စေမှာပါ" ဟု ၀န်ကြီး ဦးကမ်ဇာမုံ ကပြောသည်။

လောင်းမင်းရွာသည် ချင်းတွင်းမြစ်ကမ်းနံဘေးတွင်တည်ရှိပြီး နတ်နန်းရွာချောင်းရေကို မှီခိုစိုက်ပျိုးနေရခြင်းဖြစ်သည်။ ၄င်းနေရာတွင် တောင်သူ ၃၁ ဦးမှ နွေးစပါး ဧက ၁၂၀ ကို နှစ်စဉ် စိုက်ပျိုးလျှက်ရှိသည်။

 
"အဲဒီနေရာက  ဟုမ္မလင်းနဲ့ ဖောင်းပြင်နယ်စပ်ဖြစ်လို့ နယ်ပေါင်းစုံက လာတဲ့ တရားမ၀င် ရွှေမျောတွေရှိတယ်၊ထိန်းသိမ်းဖို့ခက်ခဲတယ်၊ နတ်နန်းဒေသက တရားမ၀င် ရွှေမျောတွေ ပိတ်သိမ်းနိုင်ဖို့ တိုင်းအစိုးရအနေနဲ့  စိစစ်ဆောင်ရွက် ရမယ် "ဟု ဟုမ္မလင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် ကပြောသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment