Latest News

Sunday, June 10, 2018

ယခုနှစ် Miss Universe Monywa ပွဲတွင်မြို့ခံ ဒိုင်များ ပိုထည့်၍ သမာသမက်ကျအောင် ကျင်းပမည်ဟု City Director ပြော

ယခုနှစ်  Miss Universe Monywa  ပွဲတွင်မြို့ခံ ဒိုင်များ ပိုထည့်၍ သမာသမက်ကျအောင် ကျင်းပမည်ဟု City Director ပြော

      ယခုနှစ်တွင် လေးကြိမ်မြောက် ကျင်းပမည့် Miss Universe Monywa ပွဲတွင် မြို့ခံဒိုင်များ ပိုထည့်၍  အပွင့်လင်းဆုးံ သမာသမက်အရှိဆုးံဖြစ်အောင် ကျင်းပမည်ဟု  City Director ကိုချမ်းငြိမ်းကို က်ပြောသည်။

       ယမန်နှစ် Miss Universe Monywa  ရွှေးချယ်ပွဲတွင် City Cirector အဖွဲ့နှင့် ပြိုင်ပွဲဝင် အလှမယ်တစ်ဦး တို့အကြား သရဖူ ရောင်းဝယ် မှု အရှုပ်တော်ပုံများ ဖြစ်ခဲ့ပြီးနောက် မုံရွာကိုယ်စားပြု winner ဆုရ အလှမယ်မှာလည်း လူမှုရေးကိစ္စ များေုကာင့်ဟုဆိုကာ သရဖူပြန်သိမ်းခဲ့ခြင်းများဖြစ်ပေါ်ခဲ့သည်။

      "အရင်နှစ်က ပြဿနာတွေကြောင့် လာပြိုင်ဖို့ တွန့်ဆုတ်နေကြတယ်၊မြိုခံ ရွက်ပုန်းသီးလေးတွေ ယုံယုံကြည်ကြည်ပြိုင်စေချင်တယ်၊ရန်ကုန်က ကျွန်တော်တို့ ခေါ်မယ့် နာမည်ကျော် ဒီဇိုင်နာ၊အလှပညာရှင် လေးယောက်ပဲ ခေါ်ပြီး၊ မုံရွာမြို့ခံ မြို့မိမြို့ဖ ဒိုင်ခြောက်ဦး ထိ ထည့်ပြီး ဒိုင်တွေအားလုးံရှေ့မှာပဲသမာသမက်ကျကျ လုပ်သွားမှာပါ "ဟု ကိုချမ်းငြိမ်းကို ကပြောသည်။

Miss Universe Monywa  ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့တွင်လူရွှေးပွဲပြုလုပ်ပြီးနောက် ပြိုင်ပွဲဝင် အလှမယ် ၂၀ ဦးကို စာနယ်ဇင်းများထံအပ်နှံခြင်း၊  Organizerအဖွဲ့မှ လေ့ကျင့်သင်ကြားပေးခြင်းများပြုလုပ်ပြီး နောက်ဆုးံအဆင့်ပြိုင်ပွဲကို ဇူလိုင် ၂၁ရက်နေ့၌ မုံရွာမြို့တော်ခန်းမတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

   ယခုနှစ် Miss Universe Monywa   တွင်မြို့ခံများကို သာဦးစားပေးရွှေးချယ်မည်ဖြစ်ပြီး အလှမယ်များ၏ offical photo များကိုလည်း လူကြီးသူမ များ မျက်လုးံတွင် မသင့်တော်သော အ၀တ်အစားများမဖြစ်စေရန် ရိုတ်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment