Latest News

Monday, June 4, 2018

တက္ကသိုလ်၊ကောလိပ်များတွင်နိုင်ငံရေးနှင့်ပတ်သက်သည့်၊စာတမ်းဖတ်ပွဲ၊ဆွေးနွေးပွဲများခွင့်မပြုရန်ဆိုသည့်ညွှန်ကြားချက်ကို ပြန်လည်ဖျက်သိမ်း

ကျောင်းသားသမဂ္ဂများ၏စုပေါင်းတောင်းဆိုမူ့ကြောင့် တက္ကသိုလ်ကျောင်းများတွင် နိုင်ငံရေးလုပ်ခွင့်ရပြီ




ပုသိမ်ဇွန် ၄ရက်

 ပညာရေးဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများနှင့် တက္ကသိုလ် ဒီဂရီကောလိပ်များတွင်နိုင်ငံရေးနှင့်ပတ်သက်သည့်စာတမ်းဖတ်ပွဲများ။ဟောပြောပွဲများ၊ဆွေးနွေးပွဲများခွင့်မပြုရန်ဆိုသည့်ညွှန်ကြားချက်ကိုဇွန်လ၂ရက်နေ့တွင် ပြန်လည်ဖျက်သိမ်းလိုက်ပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းသားသမဂ္ဂများနှင့် တစ်ခြား တိုင်း မြို့နယ် အသီးသီးရှိ ကျောင်းသားသမဂ္ဂများ ဆရာများက ထုတ်ပြန်ချက်အားပြန်လည်ရုပ်သိမ်းပေးဖို့ ဇွန်လ၁ရက်နေ့တွင် စုပေါင်း တောင်းဆိုမူ့
များ ပြုလုပ်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများနှင့် တက္ကသိုလ် ဒီကရီကောလိပ် ကောလိပ်များအားစာတမ်းဖတ်ပွဲများဟောပြောပွဲများ သင်တန်းများ ဆွေးနွေးပွဲများကျင်းပလျက်ရှိရာဟောပြောပို့ချမည့်အကြောင်းအရာကိစ္စများနှင့်ဆက်နွယ်မူ့ မရှိသောအကြောင်းအရာကိစ္စများကိုဟောပြောပို့ချခြင်းမပြု
ကြရန်အတွက် အဆိုပါကော်လိပ်များကလိုက်နာဆောင်ရွက်နိုင်ရန် အသိပေးညွန်ကြားရန်  ရည်ညွန်းချက်ပါ စာဖြင့်အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်။

"ခုလို ပညာရေးဝန်ကြီးဌာနအနေနဲ့ ပထမက နိုင်ငံရေးမလုပ်ရဘူးလို့ ထုတ်ပြန်တာ မကောင်းဘူးပေါ့ ။
ပညာရေးနယ်ပယ်ကို ချူပ်နှောင်ထားချင်တာပေါ်လွင်နေပါတယ်။ ခုသမဂ္ဂတွေ  တောင်းဆိုမူ့များကြောင့်ပြန်လည်ပယ်ဖျက်ပေးတာကတော့ ဝမ်းသာတာပေါ့ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့  ထုတ်ပြန်ချက်ထုတ်မယ်ဆိုသေချာလေ့လာပြီးမှ လုပ်သင့်တာပေါ့ ခုဟာက  ပညာရေးနယ်ပယ်ကိုလွယ်လွယ်သတ်မှတ်နေတယ်"ဟု ရန်ကုန်မြို့ ရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ကိုဇေယျာလွင် မှ တိုင်းဧရာကို ပြောသည်

ပညာရေးဝန်ကြီးဌာန က တက္ကသိုလ်ကျောင်းဝန်းအတွင်းနိုင်ငံရေး နှင့်သက်ဆိုင်သည့်အကြောင်းအရာ များပြုလုပ်မည်ဆိုပါက ပြုလုပ်သူများ၏အမည်ကိုယ်ရေးအကျဉ်းနှင့် မှတ်တမ်းအကျဉ်းများကို  ကျောင်းအာဏာပိုင်များအားတင်ပြရမည်ဟု ထုတ်ပြန်ခဲ့ခြင်းသည်  ကျောင်းသားအများစုနှင့် လူမူရေးအဖွဲ့အစည်းများ၏ ဝေဖန်မူ့များစွာ ရှိခဲ့သည်။

သတင်းထောက်=ရွှေရည်ဝင်း



No comments:

Post a Comment