သုံးခွ(မြို့မ)ကျောင်း၌ အမေရိကန်နိုင်ငံသူတစ်ဦးက အင်္ဂလိပ်စာသင်ပေးနေ
သုံးခွ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) တွင် ယခုပညာသင်နှစ် ကျောင်း စဖွင့်သည့် ဇွန် ၁ ရက်မှစတင်၍ အမေရိကန်နိုင်ငံသူ ကျောင်းဆရာမ တစ်ဦးက အင်္ဂလိပ်စာဘာသာရပ် လာ ရောက်သင်ကြားပေးနေကြောင်း သိရ သည်။
မြန်မာနိုင်ငံအစိုးရနှင့် အမေရိကန် နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် Peace Corps Myanmar အစီအစဉ် အရ ယခုလို သင်ကြားပေးနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များ မှ အခြေခံပညာကျောင်းများတွင် အမေရိကန် နိုင်ငံသား ကျောင်းဆရာ ဆရာမ စုစုပေါင်း ၃၁ ဦးတို့က ၂ဝ၁၈-၂ဝ၁၉ နှင့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် နှစ်နှစ်ကြာ အင်္ဂလိပ်ဘာသာရပ်စွမ်း ရည် မြင့်မားတိုးတက်စေရေးအတွက် သင်ကြားပေးမည်ဟု သိရသည်။
သုံးခွ အထက(မြို့မ)ကျောင်းတွင် သင်ကြားပေးသော အမေရိကန်သူ ဆရာမအနေဖြင့် ပဉမတန်းနှင့် သတ္တမ တန်း ကျောင်းသား ကျောင်းသူများအား အင်္ဂလိပ်စာကို မြန်မာဆရာမများ နှင့် တွဲဖက်၍ မြန်မာနိုင်ငံ၏ သင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားပေးလျက် ရှိသည်။
ဆရာ ဆရာမများအား အချိန် ဇယားအလိုက် အင်္ဂလိပ်စာ သင်ကြားပို့ချ ပေးပြီး အားလပ်သည့်အချိန်များတွင် ကျောင်းသား ကျောင်းသူများအား အင်္ဂလိပ်စကားပြောလည်း သင်ကြား ပေးကြောင်း သိရသည်။
အင်္ဂလိပ်စာ စွမ်းရည်တိုးတက် မြင့်မားစေရေးအတွက် လာရောက် သင်ကြားပို့ချပေးသည်ကို ကြိုဆိုကြောင်း နှင့် ယခုလို စီစဉ်ပေးသည့် သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင် ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန်း သန်းမြင့်က ပြောသည်။
ကိုကျော်(သုံးခွ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment