Latest News

Tuesday, June 5, 2018

ကျေးရွာအုပ်စုအထိကြက်ခြေနီလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးလျှက်ရှိ

ကျေးရွာအုပ်စုအထိကြက်ခြေနီလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးလျှက်ရှိ


ရေကြည်  ဇွန်  ၎

 ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၏လမ်းညွှန်မှု/ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲ/ငါးသိုင်းချောင်းမြို့ကြက်ခြေနီအသင်းခွဲငယ်၏အစီအစဉ်ဖြင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၂/၂၀၁၈)သင်တန်းကို ပုသိမ်-မုံရွာလမ်းမကြီးဘေးရှိ ငှက်သိုက်ကျေးရွာအုပ်စု/ခိုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ မေလ ၂၇ ရက်နေ့မှ စတင်၍ ယနေ့ဇွန်လ ၄ ရက်နေ့အထိ ၉ ရက်တာကာလ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ပြီး အဆိုပါနေ့ညနေပိုင်း၌ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ရေကြည်မြို့နယ်ကြက်ခြေနီ အသင်းခွဲနှင့်ငါးသိုင်းချောင်းမြို့အသင်းခွဲငယ်တို့မှသက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး သင်တန်းဖြစ်မြောက်ရေး ဝိုင်းဝန်းပံ့ပိုးလှူဒါန်းခဲ့ကြသောကျေးရွာဒေသခံပြည်သူအလှူရှင်များသို့
ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း/ထူးချွန်သင်တန်းသားကြက်ခြေနီမောင်မယ်၎ဦးအားဆုချီးမြှင့်ခြင်း/ကျေးရွာကြက်ခြေနီအဖွဲ့အတွက် ဆေးအိတ်များပေးအပ်ခြင်း/သင်တန်းဆင်းအောင်လက်မှတ်များ
ပေးအပ်ခြင်းတို့ကျင်းပခဲ့ကြပြီးအဆိုပါသင်တန်းသို့ကျေးရွာအုပ်စုအတွင်းရှိသင်တန်းသားကြက်ခြေနီမောင်မယ်စုစုပေါင်း(၃၀)ဦးတက်ရောက်အောင်မြင်ခဲ့သည်။
              အဆိုပါကိစ္စနှင့်ပါတ်သက်၍ ငှက်သိုက်ကျေးရွာအုပ်စုသည် ပုသိမ်-မုံရွာလမ်းမကြီးဘေး၌ကပ်လျှက်တည်ရှိပြီး ယာဉ်/လမ်းမတော် တဆထိခိုက်မှုများ၌ ရှေးဦးပြုစုခြင်းဖြင့်အဆင်ပြေချောမွေ့စွာ ကူညီကယ်ဆယ်နိုင်ရေး/သဘာဝဘေးအန္တရာယ်အပါအဝင်ကျေးရွာနေပြည်သူလူထုအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ/လူမှုကူညီရေးလုပ်ငန်းများ၌ရေရှည်တစ်တပ်တစ်အားပါဝင်ဆောင်ရွက်နိုင်ရေးသင်တန်းဖွင့်လှစ်သင်ကြားပို့ချပေးခဲ့သည့်အပြင် လတ်တလောလက်တွေ့ဆောင်ရွက်မှုအဖြစ် ယခုရက်သတ္တပါတ်အတွင်း၌ ကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်ရန်စီစဉ်ထားကြောင်း သင်တန်းမှူးဦးခင်မောင်သန်းက ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
                             
စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment