Latest News

Friday, June 29, 2018

ရေကြောင်းပညာတက္ကသိုလ် ပညာသင်နှစ် ခြောက်နှစ်မှ ငါးနှစ်သို့ လျှော့ချ

ရေကြောင်းပညာတက္ကသိုလ် ပညာသင်နှစ် ခြောက်နှစ်မှ ငါးနှစ်သို့ လျှော့ချ


မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ပညာသင်နှစ်ကို ခြောက်နှစ်မှ ငါးနှစ်သို့ လျှော့ချ လိုက်သဖြင့် ရေကြောင်းပညာတက္ကသိုလ်တက်ရောက်နေသော ကျောင်းသား ကျောင်းသူ များကို    ငါးနှစ်ဖြင့်    ဘွဲ့ပေးသွားမည်ဖြစ်ကြောင်း    မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။
''ကျောင်းသား ကျောင်းသူတွေရဲ့ သဘောဆန္ဒ၊ ဆရာ ဆရာမတွေရဲ့   သဘော တူညီချက်၊ ခေတ်ကာလအခြေအနေမတူညီတဲ့ တက္ကသိုလ်ရဲ့ လုပ်ငန်းသဘောသဘာဝ အရ အထက်အဆင့်ဆင့်ကိုတင်ပြပြီး   မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ရဲ့ ပညာသင်နှစ်ကို ခြောက်နှစ်ကနေ ငါးနှစ်ကို   လျှော့ချလိုက်ရတာပါ။    ဒီလိုလျှော့ချ လိုက်ရတာမှာ ကျွန်တော်တို့ကလေးတွေဟာ ဘွဲ့ရပြီးတာနဲ့ လုပ်ငန်းခွင်   တန်းဝင်လို့ မရပါဘူး။Seatime     တစ်နှစ်ယူရပါသေးတယ်။   ပြန်လာရင်   အရာရှိတန်းမဖြစ်သေးပါ ဘူး။ ရေကြောင်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာနကလုပ်တဲ့ လက်မှတ်တွေရဖို့  စာမေးပွဲ ဖြေဆိုရပါသေးတယ်။ စာမေးပွဲကလည်း  တစ်ကြိမ်နဲ့မအောင်ရင်  နှစ်ကြိမ်၊ သုံးကြိမ် ဖြေရပါတယ်။ လက်မှတ် သုံး၊ လေးမျိုး ရယူနိုင်ဖို့အတွက် နောက်ထပ်အချိန်ထပ်ကုန် ပါတယ်။ ဒီအတွက် ပညာသင်နှစ်ကို   လျှော့ချလိုက်တာဖြစ်ပါတယ်''ဟု ဒေါက်တာ မြတ်လွင်က ပြောသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပညာသင်နှစ် ခြောက်နှစ်မှ ငါးနှစ်သို့ လျှော့ချလိုက်ခြင်းကို  အမျိုးသားပညာရေးမူဝါဒကော်မရှင် (NEPC) သို့    တင်ပြ ဆုံးဖြတ်ချက်ရယူဆောင်ရွက်ခဲ့ကြောင်း၊ လာမည့် ၂ဝ၁၈ -၂ဝ၁၉ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အနေဖြင့်  ကျောင်းသား  ကျောင်းသူ  ၃၂ဝ လက်ခံပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယင်းတို့တွင်   ကျောင်းသား ၈ဝ ရာခိုင်နှုန်း၊  ကျောင်းသူ ၂ဝ ရာခိုင်နှုန်း ခေါ်ယူမည်ဖြစ်ကြောင်း၊  ဝင်ခွင့်ကို စုစုပေါင်း ရမှတ် ၄၇ဝ သတ်မှတ်ထားကြောင်း၊ ဝင်ခွင့်ကို ယခင်က  အဆင့်မြင့်ပညာဦးစီးဌာနမှ ခေါ်ယူခဲ့ရာမှ ယခုအခါ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ တိုက်ရိုက်ခေါ်ယူမည် ဖြစ်ကြာင်း    သိရသည်။                

သတင်း-မြင့်မောင်၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment