Latest News

Friday, June 29, 2018

အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် အများပြည်သူလေ့လာနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် အများပြည်သူလေ့လာနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

၁၉၂၁ ခုနှစ်တွင် အနောက်တိုင်းဗိသုကာဟန်ရောနှောလျက်  (၂ဝ)ရာစု    ဥရောပပုံစံဖြင့်  ၁၈ ပေ  အမြင့်ရှိသော  ကုန်းပေါ်တွင် တည်ဆောက်ထားသည့်   အမှတ် ၂၅ ဗိုလ်ချုပ်ပြတိုက်လမ်း  ဗိုလ်ချို ၁  ရပ်ကွက်   ဗဟန်းမြို့နယ်ရှိ         ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ဇူလိုင် ၁၉ ရက်မတိုင်မီ အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''ဒီနှစ်မှာလည်း ပြတိုက်အတက်လမ်း တစ်လျှောက်မှာ  ဗိုလ်ချုပ်ရဲ့အဆိုအမိန့် တွေ၊ ရှားပါးဓာတ်ပုံတွေကို    (၆x၈) ပေ ဆိုင်းဘုတ် ၂ဝ   စိုက်ထူဖို့   ပြင်ဆင်နေပါ တယ်။ မနှစ်က      လာရောက်ကြည့်ရှုတဲ့ ပရိသတ်များခဲ့တဲ့အတွက်     အထွက် လမ်းကျဉ်းလို့ အခက်အခဲရှိခဲ့လို့ ငါးပေ လမ်းကို တစ်ပေခွဲထပ်တိုးချဲ့ထားပါတယ်။အထွက် လမ်းဘယ်၊  ညာမှာလည်း  မြေဖို့ လုပ်ငန်းနဲ့      ပန်းအလှစိုက်လုပ်ငန်းကို ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်ဌာနနဲ့   ဇူလိုင် ၁ဝ ရက် နောက်ဆုံးသတ်မှတ်ပြီး  ပူးပေါင်း ဆောင်ရွက်နေပါတယ်။  ဗိုလ်ချုပ်စိုက်ခင်း ကို       သီးသန့်သွားလေ့လာနိုင်အောင် ခြောက်ပေခွဲလှေကားတစ်ခု ဖောက်နေပါ တယ်။ အပေါ်ထပ်ကို လေ့လာတဲ့အခါမှာ ကြံ့ခိုင်မှုရှိအောင်နဲ့    အစည်းအဝေးခန်း၊ သန့်စင်ခန်းကိုလည်း ပြင်ဆင်ဆောင်ရွက် နေပါတယ်။ ပုံမှန်ထိန်းသိမ်းမှုလုပ်ငန်းက နှစ်စဉ်ရှိပါတယ်။ အဆောက်အအုံကြံ့ခိုင် မှုကိုဦးစားပေးအနေနဲ့        မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊    ရန်ကုန်မြို့ ယဉ် ကျေးမှုအမွေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ ကျွန်တော်တို့ဌာန ပူးပေါင်းဆောင် ရွက်လျက်ရှိပါတယ်''ဟု    ရန်ကုန်မြို့ အမျိုးသားပြတိုက်မှ       လက်ထောက် òန်ကြားရေးမှူး      ဦးခင်မောင်စိုးက ပြောသည်။
ဘဲဥပုံသ္ဌာန်ဖြင့် မြေ ၂ ဒသမ ၄၂၃ ဧကအကျယ်ရှိသော ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် ၁၉၄၅ ခုနှစ်  မေလမှ ၁၉၄၇ ခုနှစ်   ဇူလိုင်လ ဗိုလ်ချုပ်လုပ်ကြံခံရသည့် နေ့အထိ ထိုအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့ပြီး ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက် ကျန်ရစ်သူမိသားစုမှ ဆက်လက်နေထိုင် ခဲ့ကာ  ခြံဝင်းအတွင်းရှိ       ရေကန်တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ် သေဆုံးပြီးနောက် မည်သူမှဆက်လက် နေထိုင်မှုမရှိခဲ့ကြောင်း သိရသည်။
၁၉၅၅ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန် ဦးစီးဌာနမှ ပထမဆုံးသော  òန်ကြား ရေးဝန် ဦးသာမြတ်၊   အမျိုးသားပြတိုက် မှူးကြီး ဒေါ်ညွန့်ဟန်နှင့် အကြံပေးအရာရှိ Dr.Niharan Rays  တို့က ဗိုလ်ချုပ် အောင်ဆန်းနေအိမ်အား  အများပြည်သူ ကြည့်ရှုနိုင်ရန် ပြတိုက်အဖြစ်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး  ၁၉၆ဝ ပြည့်နှစ် ဇန်န ဝါရီ ၁ ရက်တွင်   ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို    စတင်ဖွင့်လှစ်ပြသခဲ့သည်။ထို့မတိုင်မီ ၁၉၅၇  ခုနှစ်     စက်တင်ဘာ ၉   ရက်တွင်      နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်၏ဇနီး  ဒေါ်ခင်ကြည်ထံမှ   ပရိ ဘောဂ ၅၃  မျိုးနှင့်     အခြားပစ္စည်းများ ကို ပြတိုက်ပစ္စည်းများအဖြစ်   ပြသရန် စုဆောင်းခဲ့သည်။
မူလပိုင်ရှင်  တရုတ်လင်မယားထံမှ ငှားရမ်းနေထိုင်သောထိုအိမ်အား အဆိုပါ အိမ်ပိုင်ရှင်ထံမှ စာချုပ်စာတမ်းနှင့်အတူ ငွေကျပ်သုံးသောင်းဖြင့်ပေးချေ၍ ၁၉၄၈ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင်    ဗိုလ်ချုပ် အောင်ဆန်းအထိမ်းအမှတ်     ရန်ပုံငွေမှ ရန်ပုံငွေ ကြီးကြပ်ထိန်းသိမ်းရေး        အမှု ဆောင်အဖွဲ့က အပြီးပြတ်ဝယ်ယူခဲ့ကြောင်း သိရသည်။
 တောင်ဘက်ကိုမျက်နှာမူ၍  တည် ဆောက်ထားသော  ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား ၁၉၅၇    ခုနှစ်တွင်   ပြန်လည် ထူထောင်ရေးတပ်မှ  မွမ်းမံပြင်ဆင်ခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင် ၁၉  ရက်မှ ၂၅ ရက် ထိ (၁၅)နှစ်မြောက်    အာဇာနည်နေ့ အထိမ်းအမှတ်နှင့်အတူ          ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို       နေ့စဉ်အခမဲ့ ဖွင့်လှစ်ခဲ့ကာ ၂ဝဝဝ    ပြည့်နှစ်  ဇူလိုင် ၁၉ ရက်နေ့    အာဇာနည်နေ့အထိမ်း အမှတ်နှင့်အတူ   ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို        ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
''မနှစ်က      အာဇာနည်နေ့မှာ    ပြည်သူ  သုံးသောင်းနှစ်ထောင်ကျော် လာရောက်ကြည့်ရှုခဲ့ပါတယ်။   ဗိုလ်ချုပ် ပြတိုက်ကို လာရောက်လေ့လာရတာဟာ      သူတို့အတွက် ဝမ်းသာဂုဏ်ယူမှုလည်း ရရှိသလို     ဝမ်းနည်းမှုလည်းခံစားရ ကြောင်း မှတ်ချက်ပြုပြောတာ အများစု ကြားရပါတယ်။   ဗိုလ်ချုပ်ဓာတ်ပုံတွေကို    ထိန်းသိမ်းပြီး အဝတ်အစားတွေကိုလည်း သိပံ္ပနည်းကျ   စနစ်တကျထိန်းသိမ်းမှု အပိုင်းတွေလည်း လုပ်ပါတယ်။    အထိမ်း အမှတ်ပြတိုက်ဆိုတော့ ထူးထူးဆန်းဆန်း ပြဖို့ မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်ကို ဂုဏ်ပြုရာ ရောက်အောင်ပြသတဲ့   ပြတိုက်ပဲဖြစ်ပါ တယ်။    အခု ကျွန်တော်တို့ထိုင်နေတဲ့        နေရာက တောင်ဘက်နဲ့   အနောက်ဘက် ကိုမြင်ရတဲ့ ဗိုလ်ချုပ်အပန်းဖြေအနားယူ တဲ့နေရာပါ။   ဒီနေရာမှာထိုင်ရင်း တိုင်းပြည်တိုးတက်ဖို့ စိတ်ကူးစိတ်သန်း တွေ စဉ်းစားတွေးခေါ်ခဲ့တဲ့နေရာလည်း ဖြစ်နိုင်ပါတယ်။ အာဇာနည်နေ့က ဒီနှစ် ဆိုရင် (၇၁)နှစ်မြောက် အာဇာနည်နေ့ ဆိုတော့  လာရောက်ကြည့်ရှုသူက တစ်နှစ် ထက်တစ်နှစ်ပိုများလာတာပါ။ ဒီနေရာမှာ တာဝန်ထမ်းဆောင်ရတာ ဂုဏ်လည်းယူ ပါတယ်။   ဗိုလ်ချုပ်ကို ပါးစပ်ကနေ ချစ်မနေ ဘဲ  ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို   စိတ်ပါလက်ပါလိုက်နာ ကျင့်သုံးကြပါလို့ ပြောလိုပါတယ်''ဟု     ဗိုလ်ချုပ်ပြတိုက် တာဝန်ခံ   ဦးခင်မောင်စိုးက ပြောသည်။
ဗိုလ်ချုပ်ပြတိုက်အား        စတင် ဝင်ရောက်ပါက   ဘယ်ဘက်အခြမ်းတွင် မိသားစုထမင်းစားခန်းရှိပြီး      မူရင်း အတိုင်း ပြသထား၍ ညာဘက်ခြမ်းတွင်  ဧည့်ခန်းနှစ်ခန်းရှိကာ     ဗိုလ်ချုပ်အသုံး ပြုခဲ့သော ရေဒီယိုနှင့်ပရိဘောဂများကို  ပြသထားသည်။   အပေါ်ထပ်လှေကား ဘယ်ဘက်တွင်   ဗိုလ်ချုပ်အိပ်ခန်းရှိပြီး  အိပ်ခန်းအတွင်း၌   အိန္ဒိယဝန်ကြီးချုပ် နေရူးမှ      ဗိုလ်ချုပ်အင်္ဂလန်သို့ သွားစဉ် လက်ဆောင်ပေးခဲ့သည့်    ကုတ်အင်္ကျီ ကိုလည်းပြသထားပြီး     ကပ်လျက်တွင်         စာကြည့်ခန်းရှိကာ ဗိုလ်ချုပ်ဖတ်ရှုခဲ့သော  စာအုပ်စာပေများကို   ပြသထားသည်။ လှေကားဘယ်ဘက်တွင်   ဗိုလ်ချုပ်၏သားသမီးသုံးဦး   အိပ်ခဲ့သောခုတင်များ ကို         ပြသထားပြီး   အောင်ဆန်းလင်း  ကျောင်းတက်စဉ်က  အသုံးပြုခဲ့သော  မှတ်စုစာအုပ်နှင့်အတူ  ကစားစရာကတ် များကို    ပြသထားသည်။   ခြံဝန်း၏     အနောက်မြောက်ထောင့်တွင်  ဗိုလ်ချုပ် ကိုယ်တိုင်စိုက်ပျိုးသော    စိုက်ခင်းနေရာ ရှိ၍ အများပြည်သူကြည့်ရှုနိုင်ရန်  ပြသ သွားမည်ဖြစ်သည်။
(၇၁)နှစ်မြောက်    အာဇာနည်နေ့ တွင်   ယခင် တာဝါလိန်းလမ်းဖြစ်သော    ယခု ဗိုလ်ချုပ်ပြတိုက်လမ်းရှိ     ဗိုလ်ချုပ် ပြတိုက်ကို ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး   ဇူလိုင် ၁၉  ရက် အာဇာနည်နေ့ တစ်ရက် တည်းမဟုတ်ဘဲ တနင်္လာနေ့နှင့်  ပြန်တမ်း ဝင် ရုံးပိတ်ရက်များမှအပ မည်သူမဆို နံနက်  ၉ နာရီမှ ညနေ ၄  နာရီခွဲအထိ အခမဲ့ဖွင့်လှစ်ပြသလျက်ရှိကာ နိုင်ငံခြား သားများကိုသာ     ဝင်ကြေးလက်ခံလျက် ရှိ၍ အာဇာနည်နေ့တွင်    အများပြည်သူ သွားလာရေးလွယ်ကူစွာာကြည့်ရှုနိုင်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ  ဆောင် ရွက်လျက်ရှိကြောင်း  သိရသည်။

သတင်း-သန်းထိုက်(မြန်​မာ့အလင်း)ဓာတ်ပုံ-သန်းစိုး

No comments:

Post a Comment