Latest News

Wednesday, May 9, 2018

အီရန်နျူကလီးယား သဘောတူစာချုပ်မှ မနုတ်ထွက်ရန် လွှတ်တော် အမတ်များက ထရမ့်ကို တောင်းဆို

အီရန်နျူကလီးယား သဘောတူစာချုပ်မှ မနုတ်ထွက်ရန် လွှတ်တော် အမတ်များက ထရမ့်ကို တောင်းဆို

ဝါရှင်တန် မေ ၈

အမေရိကန်အစိုးရအနေဖြင့် အီရန်နျူကလီးယား သဘောတူစာချုပ်မှ မနုတ်ထွက်ရန် အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များက သမ္မတဒေါ်နယ်ထရမ့်ကို တောင်းဆိုလိုက်သည်။

၂ဝ၁၅ ခုနှစ်တွင် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံအကြား ချမှတ်ထားသည့် အဆိုပါ နျူကလီးယား သဘောတူစာချုပ်မှ မနုတ်ထွက်ရန် တောင်းဆိုထားသည့် စာတစ်ေ စာင်ကို အထက်လွှတ်တော် တရား စီရင်ရေးကော်မတီအဖွဲ့ဝင် ဒိုင်းယန်ဖိန်းစတိန်းက လက်မှတ်ထိုး၍ သမ္မတထံသို့ မေ ၇ ရက်တွင် ပေးပို့ လိုက်ခြင်းဖြစ်သည်။

ထိုသို့တောင်းဆိုသူများတွင် အခြားလွှတ်တော်အမတ် ၁၁ ဦးလည်းပါဝင်သည်။ အမေရိကန် အစိုးရအနေဖြင့် အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်လျှင် အီရန်က သဘောတူစာချုပ်ကို ဆက်လက် ထိန်းသိမ်း၍ အမေရိကန်ပြည်ထောင်စုကို လုပ်ဖော်ကိုင်ဖက်နိုင်ငံများ အထီးကျန်စေရန် လုပ်ဆောင်နိုင်ကြောင်း သို့မဟုတ် အီရန်အနေဖြင့် ရပ် ဆိုင်းထားသည့် ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို ပြန်လည် စတင်နိုင် ကြောင်း၊ ထို့ကြောင့် ယင်းသို့ဆုံးဖြတ်မည်ဆိုပါက အမေရိကန် ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးကို ထိခိုက်နစ်နာစေနိုင်ကြောင်း လွှတ်တော်အမတ်များက စာတွင်ရေးသား ဖော်ပြထားသည်။

နျူကလီးယား သဘောတူစာချုပ်အရ အီရန်က ၎င်းတို့လုပ်ဆောင်နေသည့် အရပ်ဘက် သုံးနျူကလီးယား အစီအစဉ်၏ တစ်စိတ်တစ်ဒေသကို အကန့်အသတ်ဖြင့် လုပ်ဆောင်ရန် သဘောတူထားပြီး ကမ္ဘာ့အင်အား ကြီးနိုင်ငံများကလည်း အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် သဘောတူထားသည်။

MWD

No comments:

Post a Comment