Latest News

Wednesday, May 9, 2018

ကမ်းလှမ်းမှု ထင်ထားသည်ထက် များပြားဟု အာစင်ဝင်းဂါး ဖွင့်ဟ

ကမ်းလှမ်းမှု ထင်ထားသည်ထက် များပြားဟု အာစင်ဝင်းဂါး ဖွင့်ဟ

လန်ဒန် မေ ၈

ရာသီကုန်တွင် ၂၂ နှစ်ကြာနည်းပြခဲ့သော အာဆင်နယ် အသင်းနည်းပြအဖြစ်မှ ထွက်ခွာတော့မည့် ပြင်သစ် နိုင်ငံသားနည်းပြ အာစင်ဝင်းဂါးက လက်ရှိတွင် မိမိအားအလုပ်အပ်ရန် ကမ်းလှမ်းမှုများမှာ ထင်မှတ်ထား သည်ထက်ပင် များပြားလွန်းနေကြောင်း ဖွင့်ဟပြောကြားသည်။

ဝင်းဂါးကို ထိပ်တန်းအသင်းများစွာက ကမ်းလှမ်းထားပြီး ထိုအထဲတွင် လက်စတာ၊ ပီအက်စ်ဂျီ၊ အေစီမီလန် စသည့်အသင်းများလည်း ပါဝင်ကြောင်း သတင်းများက ဖော်ပြနေ သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာ ဝင်းဂါးက ''အလုပ်နဲ့ ပတ်သက်လို့ ကမ်းလှမ်းမှုတွေက မျှော်လင့်ထားတာထက်တောင် များနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် ဒီကမ်း လှမ်းမှုတွေကို ဆန်းစစ်ခြင်း၊ စဉ်းစားခြင်း ဘာမှမလုပ်သေးဘူး။ ကျွန်တော် အာဆင် နယ်အသင်းမှာ နောက်ဆုံးနေ့အထိ အကောင်းဆုံး အလုပ်လုပ် ပေးသွားနိုင်ဖို့ပဲ လက်ရှိမှာ အာရုံစိုက်ထားတယ်။ သေချာတာကတော့ ကျွန်တော် တက်ကြွနေသေးတယ်ဆိုတာပဲ။ ကျွန်တော့်ဦးနှောက်က အလုပ်တွေ လုပ်ဖို့၊ တက်ကြွလန်းဆန်းနေစေဖို့ တောင်းဆိုနေ တုန်းပါ။ ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော် အလုပ်တွေ လုပ်နေဦးမှာပါ။ ဘာလုပ်ရမှာလဲ ဆိုတာကိုတော့ အခုမသိနိုင်သေးဘူး'' ဟုပြော သည်။

ဝင်းဂါးသည် မေ ၆ ရက်က ဘန်လေကို ငါးဂိုးပြတ်အနိုင်ရသည့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွင် အမ်းမရိတ်ကွင်း၌ နောက်ဆုံးပွဲကို ကစားခဲ့ခြင်းဖြစ်၍ ပရိသတ်ကို နှုတ်ဆက် စကား ပြောကြားပြီး နောက်လာမည့် နည်းပြကိုလည်း ပရိသတ်များ အားပေးထောက်ခံကြရန် တိုက်တွန်း ပြောကြားသည်။

MWD

No comments:

Post a Comment