သားမက်ဖြစ်သူမှ ယောက္ခမဖြစ်သူအား လည်ပင်းညှစ်ပြီး
ကိုင်ပေါက်ရာမှသေဆုံး
နတ်တလင်း မေ ၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ကျီးပင်ဆင်ဂေါင်းရွာတွင် မေလ၈ရက် နေ့လည် ၁နာရီ၃၅မိနစ်အချိန်၌ သားမက်ဖြစ်သူမှယောက္ခမဖြစ်သူအား လည်ပင်းညှစ်ပြီးကိုင်ပေါက်ရာမှ သေဆုံးသွားကြောင်းသိရသည်။
ဖြစ်စဉ်မှာသားမက်ဖြစ်သူမြင့်သောင်း၄၁နှစ် ကျီးပင်ဆင်ခေါင်းရွာသာယာကုန်းအုပ်စုနတ်တလင်းမြို့နယ်နေသူမှာအရက်သေစာသောက်စားမူးယစ်ပြီးဇနီးဖြစ်သူမခင်ခင်ကြူနှင့်စကားများရန်ဖြစ်နေရာသို့တစ်ရွာတည်းနေယောက္ခမဖြစ်သူဒေါ်တင်မှီ၇၆နှစ် ကလာရောက်ဖြန်ဖြေပေးသည်ကို သားမက်ဖြစ်သူကမကျေနပ်သဖြင့်လည်ပင်းညှစ်ကိုင်ပေါက်ရာဒေါ်တင်မှီမှာပါးစပ်သွေးထွက်၍လည်ပင်းညိုမဲဒဏ်ရာဖြင့်သေဆုံးသွားကြောင်းသေဆုံးသူ၏သားဖြစ်သူကိုထွန်းထွန်းဝင်းကတရားလိုပြုလုပ်တိုင်ကြားရာတာပွန်နယ်မြေရဲစခန်းက အမှုဖွင့်ထားရှိပြီးစခန်းမှူးရဲအုပ်အောင်ဇော်မိုးကဆက်လက်ဆောင်ရွက်ကြောင်းသိရသည်။
တင်မြင့် နတ်တလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment