Latest News

Thursday, May 3, 2018

ဧရာဝတီတိုင်းတွင် မိုးကြိုးပစ်ခံရ၍ အမျိုးသား (၂) ဦး သေဆုံး

ဧရာဝတီတိုင်းတွင် မိုးကြိုးပစ်ခံရ၍ အမျိုးသား (၂) ဦး သေဆုံး


ပုသိမ်၊ မေ ၄ ရက်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးများပစ်မှု ကြောင့် ဝါးခယ်မမြို့နှင့် လပွတ္တာမြို့များတို့တွင် မိုးကြိုးပစ်ခံရ၍ လူသေဆုံးမှုများဖြစ်ပွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဝါးခယ်မမြို့နယ်၊ အုန်းပင်စုကျေးရွာနေသူ မိုးဝင်း (ခ) ဒိုင်းဒိုင်း (၃၅)နှစ်သည် ၂၀၁၈ခုနှစ်၊ မေလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန်တွင် လယ်ထဲတွင် ပျိုးပင်များချနေစဉ် မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် နေအိမ်သို့ပြန်လာစဉ် လယ်ကွင်းထဲ၌ မိုးကြိုးပစ်ခံရပြီး ဦးခေါင်းအလယ်ပေါက်ပြဲ၊ လည်ပင်း၊ ရင်ဘတ်ညိုမဲ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာနေသူ ဝင်းကို (၁၉)နှစ် သည်  ၂၀၁၈ခုနှစ်၊ မေလ ၃ ရက်နေ့ ၃ နာရီတွင် လယ်ကွင်းထဲ၌ ဂဏန်းထောင်နေစဉ် မိုးကြိုးပစ်ခံရပြီး ယာဘက်နားထင် သွေးထွက်၊ ဆံပင်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးရာသီအစပိုင်းများတွင် မကြာခဏ မိုးကြိုးပစ်ခံမှုကြောင့် လူသေဆုံးမှုများရှိနေပြီ ယခုမိုးကြိုးပစ်ခံရ မှုကြောင့် အမျိုးသား(၂)ဦးသေဆုံးမှုနှင့် ပတ်သက်၍ ၎င်းတို့ နေထိုင်ရာနှင့်နီးစပ်သော နယ်မြေရဲစခန်းများမှ သေမှုသေခင်း ရေးဖွင့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။


သတင်း - တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment