Latest News

Thursday, May 3, 2018

ရန်ကုန်မြို့ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီး လပေါင်း၃ဝ အတွင်း အပြီးတည်ဆောက်မည်

ရန်ကုန်မြို့ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီး  လပေါင်း၃ဝ အတွင်း အပြီးတည်ဆောက်မည်


ရန်ကုန်    မေ    ၃

ရန်ကုန်မြို့၏ ရောင်းဝယ်ဖောက်ကားမှုအချက်အချာကျသော မင်္ဂလာတောင်ညွန့်မြို့နယ်မှ မီးလောင်ပျက်စီးသွားသော မင်္ဂလာ ဈေးကြီးအား  ယခုအခါ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအဖြစ် လပေါင်း ၃ဝ အတွင်း အပြီးအကောင်အထည်ဖော်တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတို့က ဦးဆောင်ကြီးကြပ်ပြီး ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီက  တည်ဆောက်မည်ဖြစ်သည်။    နှစ်နှစ်ခွဲအတွင်းအပြီး    အကောင်အထည်ဖော် တည်ဆောက် သွားမည်ဖြစ်၍ ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါဈေးဟောင်း      မြေနေရာ၌     ပန္နက်တင်မင်္ဂလာအခမ်းအနား     ကျင်းပ                 သည်။

''မင်္ဂလာဈေးကြီးဟာ ပြည်သူအများ အားကိုးအားထား ပြုရတဲ့ ဈေးကြီးတစ်ခုဖြစ်ပါတယ်၊ ဒီဈေးကြီးကနေ အမြို့မြို့ အနယ်နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအထိ ဖြန့်ဖြူးရောင်းချနေရတာဖြစ်ပါတယ်၊ အခုလိုဈေးကြီးဟာ အကြောင်းကြောင်း ကြောင့် မီးလောင်ပျက်စီးခဲ့ရတယ်၊  ဈေးသူဈေးသားတွေ ထိခိုက်မှုရှိခဲ့သလို နိုင်ငံအတွက်လည်း ဆုံးရှုံးမှုတွေများစွာ        ဖြစ်ခဲ့ရတယ်၊ ဈေးကြီးမီးလောင်သွားတဲ့အတွက် ပြန်လည် နေရာချထားတဲ့ အစီအစဉ်ကစပြီး  ပြန်လည်တည်ဆောက် တဲ့အစီအစဉ်တွေအထိ     ရုန်းကန်လှုပ်ရှားမှုပေါင်းများစွာ ရှိခဲ့သလို ကွဲလွဲမှုအမျိုးမျိုးကိုလည်း
            ကြုံတွေ့ခဲ့ရတယ်၊       ဘယ်လိုပဲဖြစ်ဖြစ် ဒီဈေးကြီးကို   ရန်ကုန်မြို့ရဲ့   ခံ့ညား ထည်ဝါတဲ့ ဈေးကြီးအဖြစ်နဲ့ ပြည်သူလူထု တွေ အားကိုးအားထားပြုပြီး ရောင်းဝယ် ဖောက်ကားနိုင်တဲ့ဈေးကြီးဖြစ်ဖို့ ပြန်လည် တည်ဆောက်မှာဖြစ်ပါတယ်၊ ဈေးကြီး စတင် တည်ဆောက်တဲ့အချိန်မှစတင်ပြီး အရည်အသွေးစစ်ဆေးရေးအဖွဲ့က စတင် စစ်ဆေးသွားမှာပါ၊         တစ်ဆင့်ချင်း ကြပ်မတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊    ပြန်လည်နေရာချထားရင်လည်း ဈေးသူ     ဈေးသားတွေရဲ့   ဆန္ဒနဲ့အညီ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားမှာပါ၊ ခုချိန်မှာ   ဈေးတွေကို    စည်ပင်ဝန်ထမ်းတွေက ဝင်ရောက်ကြီးကြပ်နေရတဲ့      အခြေ အနေဖြစ်တယ်၊  နောက်ပိုင်းမှာ  နိုင်ငံ တကာလို  ဈေးတွေအားလုံးကို ဝန်ဆောင် မှုကုမ္ပဏီက  စနစ်တကျစီမံဆောင်ရွက် နိုင်ဖို့    ဒီစနစ်ကို   စတင်ဆောင်ရွက် နေပါတယ်၊ ခုတည်ဆောက်မယ့် အဆင့် မြင့်မင်္ဂလာဈေးသစ်ကြီးကို  စံနမူနာပြ ဈေးကြီးအဖြစ် လုပ်ဆောင်သွားမှာပါ''ဟု   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက  ယနေ့ ကျင်းပသော အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီး ပန္နက်တင်အခမ်း အနားတွင် ပြောကြားသည်။

ဆန်းမြတ်ထွန်း  ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော်တည်ဆောက်မည့်     မင်္ဂလာဈေး သစ်ကြီးသည်   စုစုပေါင်း   ၁၇ ထပ် တည်ဆောက်သွားမည်ဖြစ်ပြီး အောက် နှစ်ထပ်အား ကားပါကင်အဖြစ် အသုံးပြု သွားမည်ဖြစ်ကာ ယင်းကားပါကင် အထက် ပထမထပ်မှ ပဉမအထပ်အထိ တင်ဒါအောင်မြင်သဘောတူထားသည့် အတိုင်း   ဆောက်လုပ်မည့်ကုမ္ပဏီက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ဈေးအဖြစ်ပြန်လည်အပ်နှံမည်ဖြစ်သည်။   ကျန် ၁ဝ   ထပ်အား ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရမည်ဖြစ်ကာ Base  နှစ်ထပ်နှင့်  အပေါ် ၁၅ ထပ်ပါသော အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာဝန်ယူတည်ဆောက်မည့် ဆန်းမြတ်ထွန်းဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ    ဒေါက်တာ နေလင်းထွန်းက ''ဈေးကတော့ နှစ်နှစ်နဲ့ ခြောက်လအတွင်းမှာ အပြီးတည်ဆောက် ဖို့ ရည်ရွယ်ထားပါတယ်၊ စည်ပင်ကနေ တင်ဒါအောင်ထားတဲ့အတိုင်းျြေန နှစ်ထပ်နဲ့   အပေါ်မှာ ၁၅ ထပ်ပါတဲ့ ဈေးပုံစံဖြစ်မှာပါ၊ ဈေးနေရာ ငါးထပ်ကို စည်ပင်ကို ပြန်ပေးမှာဖြစ်ပြီး ကျန်တဲ့ ၁ဝ ထပ်ကတော့  ကုမ္ပဏီပိုင်ဖြစ်ပါတယ်၊ အောက်နှစ်လွှာကတော့ ကားပါကင်ဖြစ် သွားမှာပါ၊  ကုမ္ပဏီပိုင် ၁ဝ လွှာက လူနေ တိုက်ခန်းတွေ ပါဝင်မှာမဟုတ်ပါဘူး၊  ကုမ္ပဏီရုံးခန်းတွေပဲ ပါဝင်မှာပါ၊ ဒီဈေး သစ်ကြီးမှာ တင်ဒါခေါ်စဉ်ကတည်းက မီးဘေးအ္တရာယ်နဲ့ ပတ်သက်တာတွေ၊ ပါဝင်အသုံးပြုမယ့်ပစ္စည်းတွေ ထည့်သွင်း ထားပြီးဖြစ်ပါတယ်၊   အဲဒီပစ္စည်းတွေ၊ အဲဒီအမျိုးအစားတွေကိုပဲ ရွေးချယ်ပြီး နောက်ဆုံး အသုံးပြုတဲ့အချိန်ထိ တင်ပြ သွားမှာပါ'' ဟု ပြောကြားသည်။

ယခုတည်ဆောက်မည့် အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးတည်ဆောက်မှုတွင် ငွေ$ကျပ် ၆၈ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး    ပြည်တွင်း အင်ဂျင်နီယာများနှင့်  ပြည်ပအကြံပေး အင်ဂျင်နီယာအစုအဖွဲ့များက ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်သည်။ ယခု အခါ အကြိုအင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး  သတ်မှတ် ကာလအတွင်း    အမြန်ဆုံးပြီးစီးရေး တည်ဆောက်သွားမည်ဖြစ်သည်။  ကား အစီးရေ    ၈ဝဝ   ကျော်ဝင်ဆံ့နိုင်သော ကားပါကင်ကိုလည်း ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်၍ အဆိုပါ ဈေးသစ် ကြီးပြီးစီးပါက ယာဉ်ကြော$ကျပ်တည်းမှု ကိုလည်း အထိုက်အလျောက် ဖြေးရှင်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

''အခုလို ဈေးသစ်ကြီးတည်ဆောက် ပြီဆိုတော့ ပျော်တော့ပျော်တာပေါ့၊ ဒါပေမယ့်   အဆင့်မြင့်ဈေးအင်္ဂါရပ်နဲ့ ညီအောင် အခန်းလေးတွေကို ကျယ်စေ ချင်တယ်၊ အရင်ဈေးဟောင်း ငါးပေပတ် လည်က တော်တော်ကျဉ်းတယ်၊ အနည်း ဆုံးတော့ အဆင့်မြင့်ဈေးအင်္ဂါနဲ့အညီ ခြောက်ပေပတ်လည်တော့ ဖြစ်သင့်တယ်၊ ဒီဈေးသစ်တည်ဆောက်ဖို့ တိုင်းဒေသ ကြီးအစိုးရက ဈေးသူ ဈေးသားတွေကို ခေါ်ယူတွေ့ဆုံတာတွေ လုပ်ပါတယ်၊ ဈေးသူ    ဈေးသား  ဆိုင်ခန်းရှင်တွေ အနေနဲ့လည်း မြန်မြန်တည်ဆောက်နိုင် ရေး ဦးတည်နေတာနဲ့ လိုအပ်ချက်တွေ မတောင်းဆို၊ မတင်ပြလိုက်ရဘူး၊  အချိန် ကြန့်ကြာမှာလည်း စိုးရိမ်တယ်လေ''ဟု စတုတ္ထထပ်မှ အခန်းနှစ်ခန်းပိုင်ရှင် မချိုဝတ်ရည်က ဈေးသစ်တည်ဆောက် မှုနှင့်ပတ်သက်၍ ပြောသည်။

ရန်ကုန်မြို့၏ ရောင်းဝယ်ဖောက်ကား မှုများပြီး အချက်အချာကျသော မင်္ဂလာ ဈေးကြီးသည် ပြီးခဲ့သော ၂ဝ၁ဝ ပြည့်နှစ်  မေလတွင် မီးလောင်မှုတစ်ကြိမ်၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် မီးလောင်မှု တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သတင်း- မောင်စိန်လွင် (မြန်မာ့အလင်း)ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment