Latest News

Friday, May 4, 2018

ပုသိမ်လေယာဉ်ကွင်းထဲမှ မြက်တောများမီးလောင်မူဖြစ်

ပုသိမ်လေယာဉ်ကွင်းထဲမှ မြက်တောများမီးလောင်မူဖြစ်


ပုသိမ်၊ မေ ၄ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၅) ရပ်ကွက်ရှိ ပုသိမ် လေယာဉ်ကွင်းတွင် ၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်နေ့ နံနက်ပိုင်းက လေယာဉ်ပြေးလမ်းဘေး မြက်တောများမီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရသည်။

အမှတ်(၁၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနောက်ဖက်နှင့် လေယာဉ်ကွင်း ပြေးလမ်းအကြားရှိ ကွင်းပြင်မှ စတင်လောင်ကျွမ်း ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်များ၊ မြို့နယ်စည်ပင်မှ ရေသယ်ယာဉ်များ၊ ပုဂ္ဂလိက မြေကော်စက်များ စုစုပေါင်း ယာဉ် ၁၀ လောက်ဖြင့် မီးငြိမ်းသတ် ခြင်း၊ မီးတားလမ်းများဖောက်လုပ်ခြင်းတို့ကို နံနက် ၉ နာရီ ၃၀ မိနစ်တွင် စတင်ပြုလုပ်ခဲ့ရာ နေ့လည် ၁၂ နာရီအချိန်တွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။

မြက်တောများမီးလောင်မှုဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လာရောက်ကြည့်ရှု့ စစ်ဆေးလမ်းညွှန်မှုများပြုလုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုအဖွဲ့အစည်းများမှ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၄) ရပ်ကွက် လယ်ကွင်းများတွင် ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၃) လုံး၊ ဘုန်းကြီးကျောင်း (အနည်းငယ်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုဖြစ်ပွားခဲ့သည်။

သတင်း၊ဓာတ်​ပုံ  - တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment