Latest News

Tuesday, May 22, 2018

ဗီစီနို၏ သွင်းဂိုးကြောင့် လာဇီယိုကို ကျော်ပြီး အင်တာမီလန် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ

ဗီစီနို၏ သွင်းဂိုးကြောင့် လာဇီယိုကို ကျော်ပြီး အင်တာမီလန် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ

ရောမ မေ ၂၁

စီးရီးအေ ရာသီသိမ်းပွဲစဉ်ကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားရာ လာဇီယို အသင်းသည် အင်တာမီလန်ကို ဗီစီနို၏ပွဲချိန် နှောင်းပိုင်း သွင်းဂိုးကြောင့် ၃ ဂိုး- ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး ရာသီသိမ်း နောက်ဆုံးပွဲမှ အဆင့်(၄) နေရာကို အင်တာမီလန် အသင်းထံ လွှဲပေးခဲ့ရသည်။

ထိုပွဲတွင် ပွဲချိန်ပထမပိုင်း၌ လာဇီယိုအတွက် မာရူဆစ်နှင့် ဖိလစ်ပီအန်ဒါဆန်တို့က နှစ်ဂိုးသွင်းယူပြီး အင်တာမီလန်အတွက် အမ်ဘရိုစီယိုက တစ်ဂိုးသွင်းယူ ခြင်းကြောင့် လာဇီယို အသင်းအနေဖြင့် ပွဲကို ဦးဆောင် နေနိုင်သော်လည်း အသင်းမှ လူလစ်နှင့် ပက်ထရစ်တို့ အနီကတ်ထိခဲ့ခြင်းကြောင့် ကိုးဦးတည်းဖြင့် ကစားခဲ့ရပြီး အင်တာမီလန်အတွက် အီကာဒီက ပွဲချိန် ၇၈ မိနစ်နှင့် ဗီစီနိုက ပွဲချိန် ၈၁ မိနစ်တွင် နှစ်ဂိုးသွင်း ခဲ့ခြင်းကြောင့် အင်တာမီလန် အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခြင်းဖြစ်သည်။

အင်တာမီလန် အသင်းသည် ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း စီးရီးအေတွင် ချန်ပီယံဆုမရတော့ သကဲ့သို့ ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီ နောက်ပိုင်း ယခုမှသာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခြင်းဖြစ်သည်။

ထိုပွဲရလဒ်ကြောင့် လာဇီယိုနှင့် အင်တာမီလန်တို့သည် ရမှတ်တူသွားခဲ့ရာ လာဇီယိုသည် ဂိုးကွာခြား ချက်များစွာ အသာရသော် လည်း စီးရီးအေတွင် ထိပ်တိုက်တွေ့ဆုံမှု ရလဒ်ဖြင့် ဆုံးဖြတ်ခြင်းကြောင့် အင်တာမီလန်အသင်း ကံကောင်းသွားခဲ့ခြင်း ဖြစ်သည်။

MWD

No comments:

Post a Comment