Latest News

Tuesday, May 22, 2018

ပညာရေး ဝန်ကြီးဌာန ၂ဝ၁၈ -၂ဝ၁၉ ပညာသင်နှစ်' မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာ ရပ်ခံချက်

ပညာရေး ဝန်ကြီးဌာန ၂ဝ၁၈ -၂ဝ၁၉ ပညာသင်နှစ်' မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာ ရပ်ခံချက်

ကျောင်းသားဦးရေ တိုးတက်များပြား လာခြင်းကြောင့် လည်းကောင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်း ကြောင့်လည်းကောင်း၊ ထပ်ကျော့ ကျောင်းအပ်နှံခြင်းကြောင့် လည်းကောင်း ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ကို လုံလောက်စွာ ဖြန့်ဝေပေးလိုပါသဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ် နှံကြပါရန်။

ငွေကြေး သို့မဟုတ် လက်ဆောင် ပစ္စည်းများ ကို ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုပါရန်။ အသက် ၅ နှစ်ပြည့်သူတိုင်းအား သူငယ်တန်း (KG)တွင် လည်းကောင်း၊ အသက် ၆ နှစ်ပြည့်သူတိုင်းအား ပထမတန်း (Grade -1) တွင်လည်းကောင်း၊ ကျောင်းနေအရွယ် အားလုံး ကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်။

မိဘများအနေဖြင့် မိမိသား၊ သမီးအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်သော တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူသားကောင်းများ ဖြစ်လာစေ ရန်အတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ များနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ရေးနှင့် အိမ်စာမှန်မှန် လုပ်ဆောင်ရေးအတွက် မိဘများက ကြီးကြပ်၍ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပေးပါရန်။ သက်ဆိုင်ရာ အတန်းများအလိုက် အခန်းဆုံး စစ်ဆေးခြင်းများကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လတွင်တစ်ကြိမ်နှင့် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နှစ်လယ်စစ်ဆေးခြင်းကို အောက်တို ဘာလတွင် တစ်ကြိမ်၊ နှစ်ဆုံးစစ်ဆေးခြင်းကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ် စုစုပေါင်းလေးကြိမ်သာ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူတတ်မြောက်မှု ကောင်းမွန်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပေးပါရန်။

ကျောင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် တတ်စေရေး မိမိသား၊ သမီးများကို တိုက်တွန်း အားပေးပါရန်။ မိဘဆရာအသင်းနှင့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပါရန်။

မူလတန်းအဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းကျောင်းသား၊ ကျောင်းသူများအားလုံး စာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာ တွက်ချက်တတ်ရန်အ တွက် အလေးအနက်ထား ဆောင်ရွက်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက် ပညာသင်ယူနိုင်ရေး အတွက် မိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန်နှင့် မျှဝေခြင်းဆိုင်ရာ အစီအစဉ်တွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပါရန်။

မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အကြံပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပညာရေး ဝန်ကြီးဌာန ဝန်ကြီးရုံးသို့ အသိပေး တိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃၊ နေပြည်တော် သို့မဟုတ် dpsoffice@moe-mm.com သို့ ပေးပို့ တိုင် ကြားနိုင်ပါသည်။

ပညာရေး ဝန်ကြီးဌာန

No comments:

Post a Comment