Latest News

Tuesday, May 22, 2018

လာလီဂါသွင်းဂိုး ၃၄ ဂိုးဖြင့် မက်ဆီ ဥရောပ ဂိုးသွင်း ဘုရင်ဆု ရရှိ

လာလီဂါသွင်းဂိုး ၃၄ ဂိုးဖြင့် မက်ဆီ ဥရောပ ဂိုးသွင်း ဘုရင်ဆု ရရှိ

ဘာစီလိုနာ မေ ၂၁

ဘာစီလိုနာ အသင်း တိုက်စစ်မှူး မက်ဆီသည် ယခုရာသီ လာလီဂါပွဲတွင် ၃၄ ဂိုးသွင်းယူ နိုင်ခဲ့ခြင်းကြောင့် ဥရောပ ဘောလုံးလိဂ်များ၌ ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲ ဂိုးအများဆုံး သွင်းထားနိုင်သူအဖြစ် ဥရောပ ဂိုးသွင်းဘုရင်ဆုကို လီဗာပူးမှ အီဂျစ်တောင်ပံ တိုက်စစ် ကစားသမား ဆာလက်ခ်ျအား ကျော်ဖြတ်ပြီး ဆွတ်ခူး ရရှိခြင်း ဖြစ်သည်။

မက်ဆီသည် ယမန်နေ့ညက ဆိုစီဒက်ကို ကော်တင်ဟို၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် အနိုင်ရသော ပွဲစဉ်တွင် ပွဲထွက်ကစားသမားစာရင်း၌ မပါဝင်ခဲ့သော်လည်း ပွဲချိန်နှောင်း ပိုင်း၌ လူစားဝင်ကစားခဲ့ရာ ဂိုးမသွင်းနိုင်သော် လည်းလီဗာပူးမှ ဆာလက်ခ်ျသည် ပရီးမီးယားလိဂ် သွင်းဂိုး ၃၂ ဂိုးသာ သွင်းနိုင်ခဲ့ခြင်းကြောင့် မက်ဆီသာ ဥရောပဂိုးသွင်း ဘုရင်ဆုကို ငါးကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။

ဥရောပ ထိပ်တန်းလိဂ်ကြီးများတွင် အမှတ်ပေးပွဲ သွင်းဂိုးတစ်ဂိုးအတွက် နှစ်မှတ်ပေးခဲ့ရာ မက်ဆီသည် ၃၄ ဂိုးသွင်းနိုင်ခြင်းကြောင့် ၆၈ မှတ်ရရှိပြီး ဆာလက်ခ်ျက ၆၄ မှတ်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းဂိုး ၃ဝ ဖြင့် ရမှတ် ၆ဝ ရရှိကာ တတိယနေရာကို ဆွတ်ခူးနိုင်ခဲ့သည်။ စတုတ္ထနေရာကို လာဇီယိုမှ အင်မိုဘိုင်း၊ ဘိုင်ယန်မှ လီဝန်ဒေါစ ကီးနှင့် အင်တာမီလန်မှ အီကာဒီတို့က ဆွတ်ခူးခဲ့ကာ သွင်းဂိုး၂၉ ဂိုးစီဖြင့် ရမှတ် ၅၈ မှတ်ရရှိပြီး ပူးတွဲ ရပ်တည် ခဲ့ကြသည်။

မက်ဆီနှင့် ဂိုးအရေအတွက် တူညီစွာ သွင်းနိုင်ခဲ့သော ဘင်ဖီကာ တိုက်စစ်မှူး ဂျိုနက်စ်သည် ပေါ်တူဂီလိဂ် အတွက် တစ်ဂိုးရမှတ် ၁ ဒသမ ၅ မှတ်သာပေးခြင်းကြောင့် မက်ဆီထက် ၁၇ မှတ်လျော့နည်းကာ ၅၁ မှတ်သာရရှိသည်။ မက်ဆီသည် ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီတွင်လည်း ဥရောပရွှေဖိနပ်ဆုကို ရမှတ် ၇၄ မှတ်ဖြင့်ရရှိပြီး ထိုေ ရှ့နှစ်ကလည်း အသင်းဖော် ဆွာရက်ဇ်က ဥရောပဂိုးသွင်း ဘုရင်ဆု ရရှိခဲ့သည်။

မက်ဆီ၏ အဓိက ပြိုင်ဘက် ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ယခုရာသီတွင် လာလီ ဂါသွင်းဂိုး ၂၆ ဂိုးသာ သွင်းနိုင်ခဲ့ခြင်းကြောင့် ၅၂ သာ ရရှိနိုင်ခဲ့သည်။ စီရော်နယ်ဒိုသည် စပိန်တွင် ကစားစဉ် ဥရောပ ရွှေဖိနပ်ဆုကို သုံးကြိမ်သာ ရရှိခဲ့သည်။ မက်ဆီသည် ယခုရာသီတွင် ဘာစီလိုနာအတွက် လာလီဂါ၌ ဟက်ထရစ် သုံးကြိမ်သွင်းယူနိုင်ပြီး စက်တင် ဘာလက အီဘာကို ၆ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လေးဂိုး သွင်း နိုင်ခဲ့သည့်ပွဲလည်း အပါအဝင် ဖြစ်သည်။ ယခုရာသီတွင် မက်ဆီ သွင်းယူနိုင်သည့် လာလီဂါသွင်းဂိုး ၃၄ ဂိုးမှာ လာလီဂါ ကစားသမား ဘဝတွင် တစ်ရာသီအတွင်း ၎င်း ၏ သွင်းဂိုးအများဆုံး စံချိန်များအနက် ပဉ္စမမြောက် ဂိုးအများဆုံး သွင်းသည့် အနေအထားသာ ရှိခဲ့သည်။

မက်ဆီသည် ၂ဝ၁၁-၂ဝ၁၂ ဘောလုံး ရာသီတွင် လာလီဂါသွင်းဂိုး ၅ဝ၊ ၂ဝ၁၂-၂ဝ၁၃ ရာသီတွင် ၄၆ ဂိုး၊ ၂ဝ၁၄-၂ဝ၁၅ ရာသီတွင် ၄၃ ဂိုး၊ ၂ဝ၁၆-၂ဝ၁၇ ရာသီတွင် ၃၇ ဂိုးသွင်းကာ ၂ဝဝ၉-၂ဝ၁ဝ ရာသီက ၃၄ ဂိုးသွင်း နိုင်ခဲ့သည်။

MWD

No comments:

Post a Comment