Latest News

Monday, May 21, 2018

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ မြောင်းမြတွင်ပြုလုပ်

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ   အသိပညာပေး ဆွေးနွေးပွဲ    မြောင်းမြတွင်ပြုလုပ်


မြောင်းမြ မေ ၂ဝ

ဧရာဝတီတိုင်းဒေသကြီး   မြောင်းမြ ခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး ပေါင်း၍  ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို မေ ၁၉ ရက် နံနက် ၈ နာရီက အ.ထ.က (၁) ကျောင်း  ပညာရတနာခန်းမ၌ ပြုလုပ်သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြောင်းမြမြို့နယ်     ပညာရေးမှူးရုံး ဒုတိယဦးစီးမှူးဦးဝင်းကျော်ကျော်က အမှာစကားပြောကြားပြီး  မြောင်းမြ ခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်    နည်းလမ်းများ၊ ငလျင်လှုပ်နေစဉ်     လိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည့် အချက်များ၊ အရေးပေါ် ကယ်ထုတ်၍ ကျန်းမာရေး စောင့် ရှောက်မှုပေးခြင်း၊ ငလျင်လှုပ်ခတ်မှု အပြီးတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ဆက်လက်၍     အသိပညာပေး ဆွေးနွေးပွဲသို့     တက်ရောက်လာသော အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများက သိလိုသည်များကို    မေးမြန်းဆွေးနွေးပြီး မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများက  ငလျင် ဘေးအန္တရာယ် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ပြီး ခရိုင်ဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အထက(၁)  ကျောင်းအုပ်ကြီးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာ မူလ တန်း၊ အလယ်တန်းကျောင်းများမှ ဆရာ ဆရာမ ၄၅ဝ တို့ တက်ရောက် ကြကြောင်း သိရသည်။

    အောင်မင်း(မြောင်းမြ)

No comments:

Post a Comment