တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လည်ပတ်
နေပြည်တော် မေ ၂ဝ
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေ မှု ဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိသည်။
မေ ၉ ရက်မှ မေ ၁၇ ရက်အထိ တာချီလိတ်နယ်စပ်ဝင်/ ထွက်ပေါက်မှတစ်ဆင့် ညအိပ်၊ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယ နိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၂၁၄၅၄ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၃၄ ဦး၊ ဗီဇာဖြင့်လာ ရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၇၃ ဦးရှိကြောင်း သိရသည်။
နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီလိတ်မြို့ရှိအထင် ကရနေရာများသို့ သွားရောက်လည်ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြား သား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာ ဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ် မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီး ကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီ စေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလော ကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ကြ သည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက် သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက်မှာ ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အထိ နေ့ချင်းပြန်ခရီးသည် ၁ဝ၄၄၃၇ ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည် ၁၄ဝ၉ ဦးနှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည် ၁ဝ၄ဝ တို့ ဖြစ်ကြောင်း သိရသည်။
ကြေးမုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment