Latest News

Friday, May 18, 2018

မိုးရာသီတွင် ကုန်တင်ယာဉ်များ ကုန်တင်ဆောင်မှု သတ်မှတ်ချက် ပြောင်းလဲ

မိုးရာသီတွင် ကုန်တင်ယာဉ်များ ကုန်တင်ဆောင်မှု သတ်မှတ်ချက် ပြောင်းလဲ

ရန်ကုန်  မေ  ၁၇

ပြည်တွင်းရှိ  ကုန်တင်မော်တော်ယာဉ်များ မိုးရာသီတွင် သွားလာမှုနှင့် ပတ်သက်၍ ကုန်တင်ဆောင်မှု တန်ချိန်ကို  ယမန်နေ့က စတင်ပြောင်းလဲ  သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ  အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကိုနိုင်ထံမှ သိရသည်။

ကုန်တင်ယာဉ်များနှင့် ကုန်တင်တွဲယာဉ်များမှာ  မိုးရာသီတွင် ကုန်တင်ဆောင် သွားလာမှုအတွက် ဝင်ရိုးငါးခု (Lift  Axle)ပါ ၁၄ ဘီး ကုန်တင်ယာဉ်ကြီးများမှာ လက်ရှိ ၃၁ တန်မှ တန် ၃ဝ  သို့လည်းကောင်း၊ ဝင်ရိုးလေးခုပါ ၁၄ ဘီး ကုန်တင်ယာဉ်ကြီး များမှာ လက်ရှိ  ၃၄  တန်မှ ၃၃ တန်သို့ လည်းကောင်း၊  ဝင်ရိုးငါးခုပါ  ၁၈ ဘီး ကုန်တင်ယာဉ်ကြီးများမှာ လက်ရှိ ၄၆ တန်မှ ၄၁ တန်သို့ လည်းကောင်း၊ ဝင်ရိုးခြောက်ခုပါ ၂၂ ဘီး ကုန်တင်ယာဉ်ကြီးများမှာ ၅ဝ ဒသမ ၅ တန်မှ ၄၈ တန်သို့လည်းကောင်း၊  ဝင်ရိုးခြောက်တန်း  ၂၆  ဘီး (နောက်တွဲပါ)  Low  Bad ယာဉ်များမှာ လက်ရှိ ၅၅ တန်မှ ၅၃ တန်သို့ လည်းကောင်း    ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တန်ချိန်ပြောင်းလဲ သတ်မှတ်ခြင်းကို   ဖြေလျှော့ပေးရန်  မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်းနှင့် ပြည်တွင်းရှိ ကုန်စည်ပို့ဆောင်ရေး ဆိုင်ရာ အသင်းများ၏ တင်ပြချက် အရ ဝင်ရိုး ငါးခုပါ ၁၈ ဘီး နောက်တွဲ ကုန်တင်ယာဉ်ကြီးများကို ယာဉ်နှင့်ကုန် စုစုပေါင်း ၄၁ တန် သတ်မှတ်ထားရာမှ ၂ ဒသမ ၅ တန် တိုး၍ ၄၃ ဒသမ ၅ တန်အဖြစ်  ခွင့်ပြုပေးရန် စီစဉ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ BOT လေလံ၊ လမ်းတံတားဂိတ်များသို့ အကြောင်းကြားမှုများ လုပ်ဆောင်နေကြောင်း လမ်းဦးစီးဌာန  လမ်းအခွန် ထိန်းသိမ်းရေး ဌာနခွဲမှ သိရသည်။

MWD

No comments:

Post a Comment