Latest News

Wednesday, May 16, 2018

နာဂျစ်ရာဇက်ကို မကြာမီ တရားစွဲဆို နိုင်မည်ဟု မဟာသီယာမိုဟာမက် ပြော

နာဂျစ်ရာဇက်ကို မကြာမီ တရားစွဲဆို နိုင်မည်ဟု မဟာသီယာမိုဟာမက် ပြော

တိုကျို မေ ၁၅

မလေးရှားအစိုးရပိုင် 1MDB ကုမ္ပဏီမှ လာဘ်စားထားသည်ဟု စွပ်စွဲခံထားရသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို မကြာမီ တရားစွဲဆိုနိုင်မည်ဟု လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က မေ ၁၅ ရက်တွင် ပြောသည်။ အစိုးရရှေ့နေများသည် နာဂျစ်ရာဇက်ကို တရားစွဲဆိုနိုင်ရေးအတွက် မကြာမီ အမှုကို ခိုင်မာအောင် တည်ဆောက်နိုင်မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း တိုကျိုမြို့၌ ပြု လုပ်နေသည့် ဝေါစထရိဂျာနယ် အမှု ဆောင်အရာရှိချုပ် ကောင်စီအစည်းအဝေး၌ ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးမှုတွင် ပြောခြင်းဖြစ်သည်။

နာဂျစ် ရာဇက်ကို တရားစွဲနိုင်ရန်အ တွက် အခြေခံ အကျဆုံး အရာများကို ဖြည်းဖြည်းချင်း လုပ်ဆောင်နေကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း စာရွက်စာတမ်းများ ဝေမျှပေးခြင်းဖြင့် သတင်းအချက်အ လက်များပေး နေကြောင်း၊ ထို့ကြောင့် မကြာမီအချိန်အတွင်း အမှုတည်ဆောက်ကာ တရားစွဲနိုင်မည် ဖြစ်ကြောင်း မဟာ သီယာမိုဟာမက်က ပြောသည်။

ထို့ပြင် နာဂျစ်ရာဇက်ကို စုံစမ်းစစ်ဆေးရန်အတွက် လူများကိုယုံကြည်ရန် ကြိုးစားရသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ နာဂျစ်ရာဇက်နှင့်အတူ အလုပ်တွဲလုပ်ခဲ့သူ အချို့ သည် ၎င်းဘက်တွင် ရှိနေကြောင်းနှင့် လက်ရှိအစိုးရအပေါ် မည်သူကသစ္စာခံသည်ကို မသိနိုင်သေးကြောင်း မဟာသီယာမိုဟာမက်က ဆက်ပြောသည်။

1MDB အရှုပ်တော်ပုံ၏ အဓိကတာဝန်ရှိသူမှာ လိုထိုက်ဂျိုဖြစ်ပြီး လက်ရှိတွင် တရုတ်သို့မဟုတ် ထိုင်းနိုင်ငံ၌ ခိုလှုံနေသည်။ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူများသည် ငွေကြေး စီးဆင်းမှုများကို ထောက်လှမ်းပြီးနောက် ထိုအရှုပ်တော်ပုံတွင် လိုထိုက်ဂျိုပါဝင်ကြောင်း သေချာပါက မလေးရှား အစိုးရအနေဖြင့် ၎င်းကို အမိနိုင်ငံသို့ ပြန် ခေါ်ပြီး တရားစွဲ ဆိုမည် ဖြစ်ကြောင်း မဟာသီယာမိုဟာမက်က ပြောသည်။

နာဂျစ်ရာဇက်သည် ရွေးကောက် ပွဲတွင်ရှုံးနိမ့်ပြီး အင်ဒိုနီးရှားနိုင်ငံသို့ အပန်းဖြေ ခရီးထွက်ရန် ပြင်ဆင်နေစဉ် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရပြီး နောက် မေ ၁၅ ရက်တွင် တရားစွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်းခြင်း ခံထားရသည်။ အကျဉ်းကျခံနေရသော နိုင်ငံရေးသမားဖြစ်သည့် အန်ဝါအီ ဘရာဟင်သည် မေ ၁၆ ရက်တွင် တော်ဝင်လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်မည်ဖြစ်သည်။

မဟာသီယာမိုဟာမက်သည် ဝန်ကြီးချုပ်အနေဖြင့် တစ်နှစ်မှနှစ်နှစ်အတွင်းသာ အုပ်ချုပ်မည် ဖြစ်ကြောင်း၊ ရာထူးမှဆင်းပြီးပါက နောက်ကွယ်မှ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ကြောင့် အန်ဝါ အီဘရာဟင်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံကာ မဟာသီယာ မိုဟာမက်၏ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံနိုင်ဖွယ် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment