Latest News

Wednesday, May 16, 2018

မန္တလေး ရွှေဈေးကွက် ပြန်လည်မြင့်တက် အရောင်းအဝယ်အေး

မန္တလေး ရွှေဈေးကွက် ပြန်လည်မြင့်တက် အရောင်းအဝယ်အေး

မန္တလေး  မေ   ၁၅

မန္တလေးမြို့ မြန်မာ့ရွှေ အရောင်းအဝယ် ဈေးကွက်သည် ယနေ့ နံနက် ၇ နာရီ ဈေးဖွင့်ချိန်တွင်  အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်  ၉၄ဝ၅ဝဝ အထိမြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး  ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ရွှေထွက်ရာဒေသများ ဖြစ်သော သပိတ်ကျင်းနှင့် ရမည်းသင်းမြို့နယ်တို့တွင် မိုးရွာသွန်းခြင်း၊   ဒေါ်လာလဲလှယ်နှုန်း မြင့်တက်ခြင်း၊ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ရွှေဈေးများ မြင့်တက်လျက် ရှိသည်။ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက မေလ အတွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၉၄ဝဝဝဝ အောက်ပြန်ကျရန် မဖြစ်နိုင်သေးကြောင်း သုံးသပ် ပြောကြားသည်။

ရွှေဈေးများ မြင့်တက်သွားသောကြောင့် အရောင်းအဝယ်ပါးသွားပြီး ရွှေစုဆောင်းထားသူ အချို့မှာလည်း အခေါက်ရွှေဈေး ငွေကျပ်၉၄ဝဝဝဝ ကျော် ရောက်ရှိလာသဖြင့် ပြန်လည်ထုတ် ရောင်းချသူ   များပြားလျက်ရှိကြောင်း မန္တလေးရွှေ အရောင်းအဝယ် ဈေးကွက်မှ သိရသည်။

မန္တလေးရွှေ အဖွင့်ဈေး  အခေါက်ရွှေတစ်ကျပ်သားလျှင်   ငွေကျပ် ၉၄ဝ၅ဝဝ၊ ၁၅ ပဲရည်  တစ်ကျပ်သားလျှင်   ငွေကျပ် ၈၈၆၅ဝဝ၊ ဒင်္ဂါးတစ်ကျပ်သားလျှင် ငွေကျပ် ၈၄၈ဝဝဝ ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment