Latest News

Wednesday, May 16, 2018

နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ရန်အတွက် ဆွေးနွေးရန် ကိုရီးယား နှစ်နိုင်ငံ သဘောတူ

နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ရန်အတွက် ဆွေးနွေးရန် ကိုရီးယား နှစ်နိုင်ငံ သဘောတူ

ဆိုး မေ ၁၅

ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် တောင်ကိုရီး ယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့က သဘောတူလိုက်ပြီဟု တောင်ကိုရီးယား အစိုးရက မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။ ကိုရီးယားနှစ်နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးပွဲကို မေ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များက ဧပြီ ၂၇ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည့် ကိုရီးယားစစ်ပွဲ တရားဝင် အဆုံးသတ်ရေး အပါ အဝင် အရေးတယူ ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သော နှစ်နိုင်ငံအကြား ကွဲကွာနေသည့် မိသားစုဝင်များ ပြန်လည်ပေါင်း စည်းရေးနှင့် နျူကလီးယားကင်းစင်ရေး စသည်တို့ကို ယင်းဆွေးနွေးပွဲ၌ အဓိကထား ဆွေးနွေး မည်ဟု တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားအစိုးရက ၎င်းတို့၏ ကတိကဝတ်ကို ထိန်းသိမ်းသည့် အနေဖြင့် နိုင်ငံအတွင်းရှိ နျူကလီး ယားစမ်းသပ်စခန်းကို မေ ၂၃ ရက်နှင့် ၂၅ ရက်ကြားတွင် ဖျက်သိမ်း မည်ဟု ကြေညာထားသည်။

ထိုနျူကလီး ယားစမ်းသပ်စခန်း ဖျက်သိမ်းမှုကို လာရောက်ကြည့်ရှု လေ့လာရန်လည်း မြောက်ကိုရီးယားက တောင်ကိုရီး ယားအစိုးရနှင့် နိုင်ငံတ ကာမှ မီဒီယာများကို ဖိတ်ခေါ်ထားကြောင်း ပေါင်းစည်းရေး ဝန်ကြီးဌာနက ဆက်ပြောသည်။ မေ ၁၆ ရက်တွင်ပြုလုပ်မည့် အဆိုပါ အဆင့်မြင့် ဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံကျေးရွာရှိ ငြိမ်းချမ်း ရေးဂေဟာ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment