Latest News

Sunday, May 6, 2018

သိန္း ၇ဝဝဝ ေက်ာ္ အလိမ္ခံရတဲ့ ကိစၥကို ေျဖရွင္းလိုက္တဲ့ ဒိန္းေဒါင္ရဲ့ သမီး


ဟာသသရုပ္ေဆာင္ ဒိန္းေဒါင္ရဲ့ သမီးျဖစ္သူ ဒိန္းပိုပိုေဒါင္ရဲ့  ေျဖရွင္းခ်က္
............
ခုျဖစ္ေနတဲ့ က်မ မဲကိစၥ အလိမ္ခံရမႈနဲ႔ ပတ္သတ္ၿပီး ေျဖ႐ွင္းခ်က္…က်မမျမတ္ႏိုးဦးသည္ အႏုပညာအမည္ မသီရိယဥ္ေက်းသူ(ေခၚ)မၿဖိဳးသီရိထြန္း(ဒိုင္)(၁၂/အစန(ႏိုင္)၂၃၉၂၁၇) ဆီမွ မဲမ်ားကို April 20(20.4.2018)ရက္မွစတင္၍ ဝယ္ယူကာ က်မေအာက္မွ မဲသားမ်ားကို တစ္မဲကို 5 ေသာင္းေသာ္လည္းေကာင္း 1သိန္းေသာ္လည္းေကာင္း အျမတ္ယူ၍ ဝယ္ေရာင္းလုပ္ခဲ့သည္(က်မကိုယ္တိုင္လဲ 361 သိန္းဖိုးဝယ္ယူခဲ့သည္)..သို႔ေသာ္ က်မေရာင္းသည့္ပံုစံမွာ ဒိုင္ေလ်ာ္မွ က်မအျမတ္ရမည့္ပံုစံျဖင့္ေရာင္းခ်ခဲ့သည္ ႀကိဳတင္အျမတ္ရမည့္ပံုစံႏွင့္ေရာင္းခ်ခဲ့ျခင္းမဟုတ္ေပ..(ဥပမာ-5သိန္းေပး8သိန္းျပန္ရ မဲကို 5သိန္းေပး 7သိန္းျပန္ရ)ပံုစံျဖင့္ေရာင္းေသာေၾကာင့္ အျမတ္ကိုႀကိဳတင္ယူထား၍ေရာင္းခ်ျခင္းမ႐ွိေပ..မသိီရိယဥ္ေက်းသူ(ေခၚ)မၿဖိဳးသီရိထြန္း(ဒိုင္)သည္ က်မကို စတင္ေလ်ာ္ရမည့္ ေန႔မွာ May 1(1.5.2018) ရက္ေန႔ျဖစ္သည္..သူမသည္ က်မကို ထိုေန႔မွစ၍လံုးဝ(လံုးဝ)မေလ်ာ္ေတာ့ပါ..

ထို႔ေၾကာင့္ က်မမွာရွိတဲ့ က်မစုထားတဲ့ ေငြေပါင္း သိန္း 150 ကို 1ရက္ေန႔သမားမ်ားႏွင့္ 2 ရက္ေန႔သမားမ်ားအခ်ိဳ႕ကိုစိုက္၍ ေလ်ာ္ေပးခဲ့ျခင္းေၾကာင့္ သူမဆီမွ အျမတ္ကိုတျပားမွက်မ မရလိုက္တဲ့အျပင္ က်မစုထားတဲ့ေငြမ်ားပါ ပါသြားခဲ့သည္..ယခု မသီရိယဥ္ေက်းသူ(ေခၚ)မၿဖိဳးသီရိထြန္း(ဒိုင္) သည္ က်မႏွင့္က်မေအာက္မွ မဲသားမ်ားကို May18(18.5.2018) ရက္ထိ ေလ်ာ္ရမည့္စုစုေပါင္း ေငြမွာ က်ပ္သိန္းေပါင္း(775450000) (ျမန္မာေငြက်ပ္ေပါင္္းသိန္း ခုႏွစ္ေထာင့္ ခုႏွစ္ရာေက်ာ္ သိန္း႐ွစ္ေထာင္နီးပါးျဖစ္ေပသည္)..ယခုခ်ိန္ထိ 2 ရက္ေန႔မွ 6ရက္ေန႔ထိ သမားမ်ားအား မေလ်ာ္ရေသးပဲ ေခတၱတန္႔ထားရသည္..ယခုအေျခေနသည္ မၿဖိဳးသီရိထြန္းတို႔ႏွင့္ လံုးဝဆက္သြယ္၍မရေတာ့ေပ..

ပီးခဲ့ေသာ 4 ရက္ေန႔ (4.5.2018) ရက္ည တြင္ က်မတို႔မိသားစုမွ မၿဖိဳးသီရိထြန္း တို႔မိသားစုအား ကေလာမွရန္ကုန္သို႔အျပန္လမ္းတြင္းေစာင့္ဖမ္းခဲ့ရာ အိမ္ထိပါလာခဲ့သည္..က်မအေဖသည္ ေမတၱာေစတနာအျပည့္ျဖင့္ က်မနဲ႔ထပ္တူ ေငြသားေထာင္ေပါင္းမ်ားစြာအလိမ္ခံရေသာ မိသားစုေပါင္းမ်ားစြာကို က်မတို႔အိမ္သို႔ေခၚယူ၍ ထိုေန႔ညက ေခတၱထိန္းသိမ္းခဲ့ၿပီး မနက္တြင္ ထပ္မံေရာက္႐ွိလာေသာ လူမ်ားအားလံုးေ႐ွ႕တြင္ အားလံုးတြက္အေကာင္းမြန္ဆံုးျဖစ္ေစရန္ က်မတို႔အိမ္ေပၚတြင္ စာခ်ဳပ္ခ်ဳပ္ခြင့္ျပဳခဲ့သည္..

က်မအေဖမွ အလိမ္ခံရေသာသူမ်ားကို အိမ္ေပၚတတ္ခြင့္မျပဳ သူတို႔မိသားစုမ်ားကိုလဲမိေအာင္မဖမ္းေပးခဲ့လ်ွင္ အားလံုးရဲ႕ပိုက္ဆံသည္ ေရစံုေမ်ာရေတာ့မည္ျဖစ္ေသာေၾကာင့္ ပါသြားသည့္ပိုက္ဆံကိုရလိုရျငားကူညီေပးခဲ့ေသာ က်မအေဖကို ေက်းဇူးမတင္ခ်င္ေနပါ မေစာ္ကားၾကပါနဲ႔..ေနာက္တခုက ၿဖိဳးသီရိထြန္း ဆီမွဝယ္ယူထားေသာ လူမ်ားကို က်မတို႔ဘက္မွ ကူညီေပးႏိုင္သည္မွာ စာခ်ဳပ္ခ်ဳပ္ေပးခိုင္းတဲ့အဆင့္ထိသာျဖစ္သည္..က်န္တဲ့ေနာက္ပိုင္း ေလ်ာ္သည္ မေလ်ာ္သည္မွာ က်မတို႔အပုိင္းလံုးဝမဟုတ္တာျဖစ္သည့္အတြက္ က်မတို႔အိမ္ေ႐ွ႕သို႔ ေနာက္ေနာင္လံုးဝ ၿဖိဳးသီရိထြန္း ဆီမွလူမ်ား မလာၾကပါနဲ႔..သူ႔ဖုန္းနံပါတ္႐ွိလွ်င္ သူ႔ဖုန္းနံပါတ္ကိုသာဆက္၍ ေပးထားတဲ့ရက္ခ်ိန္းတြင္ ကိုယ္ရစရာ႐ွိတဲ့ပိုက္ဆံကို ရယူပါ..က်မတို႔ႏွင့္လံုးဝမသက္ဆိုင္ေသာေၾကာင့္ျဖစ္သည္..က်မ တာဝန္ယူရမည္မွာ က်မေအာက္မွ မဲသားမ်ားပင္ျဖစ္သည္..

ယခုလက္႐ွိအဓိကျပသာနာသည္ က်မတာဝန္ယူထားေသာသူမ်ားေပၚက်မတို႔ေတာင္းပန္ထားၿပီးအေကာင္းဆံုးျဖစ္ေအာင္လုပ္ေဆာင္ေနပါလ်ွက္ အခ်ိန္တခုထိမေစာင့္ေပးပဲ က်မအေဖနဲ႔က်မအားဂုဏ္သေရညိဳးႏြမ္းက်ဆင္းေအာင္ နည္းမ်ိဳးစံုျဖင့္ post မ်ားတင္,စာေစာင္ေတြထဲထည့္ေၾကျငာေနေသာမိန္းမအခ်ိဳ႕အား က်မတာဝန္ယူမႈ့အေပၚလံုးဝထည့္သြင္းစဥ္းစားေပးမည္မဟုတ္ပါ..

ထို္႔အတြက္ ဥပေဒျဖင့္သာဆက္လက္လုပ္ေဆာင္မည္..က်န္တဲ့သူမ်ားအားက်မတို႔ဘက္မွ အေကာင္းဆံုးလုပ္ေဆာင္ေပးေနေသာေၾကာင့္အခ်ိန္တစ္ခုပဲေစာင့္ဆိုင္းေပးရန္လိုအပ္သည္..က်မတို႔ဘက္မွ မၿဖိဳးသီရိထြန္း ဆီမွ ဖမ္းမိသည့္ညက ေငြ 103 သိန္းမွလြဲ၍ ထပ္မံေငြရ႐ွိျခင္းလံုးဝမ႐ွိေသးပါ..ယခုသတင္းထြက္႐ွိေနေသာ က်မတို႔အားေငြတစ္ဝက္ေလ်ာ္ထားသည္ဆိုသည့္ သတင္းမွာလဲလံုးဝအမွန္မဟုတ္ေပ..ရ႐ွိထားခဲ့လွ်င္ က်မတို႔ဒီလိုဆက္လက္စိတ္ဆင္းရဲခံေနမည္မဟုတ္..ေန႔ေရာညပါမ်က္ရည္နဲ႔မ်က္ခြက္ မအိပ္ႏိုင္မစားႏိုင္ နဲ႔ ဒီကိစၥကိုသာ လုပ္ေနျခင္းေၾကာင့္ ရက္အနည္းငယ္သာေစာင့္ဆိုင္းေစလိုသည္..

ပူးေပါင္းၾကံစည္မႈဟုတ္မဟုတ္ကို ထိုေန႔ညကလာေရာက္ခဲ့ၾကေသာ အလိမ္ခံရသည့္အကိုအမမ်ားမ်က္ျမင္ျဖစ္သည့္တြက္ ဦးေႏွာက္႐ွိသူတိုင္းစဥ္းစားတတ္သည္..ထိုမ်က္ျမင္မ်ားကိုလဲေမးျမန္းႏိုင္သည္ က်မတို႔ဘယ္လိုေတာင္းခဲ့တယ္ဆိုတာ..ထိုမ်က္ျမင္သူမ်ားလဲ က်မအေဖကို မေစာ္ကားၾကဖို႔ထပ္မံေမတၱာရပ္ခံပါရေစ..မ်က္ျမင္ကိုယ္ေတြ႔ ကိုယ္တိုင္ျမင္ပါလ်ွက္ ပူးေပါင္းၾကံစည္သည္ဟုေျပာေသာသူမ်ားေစတနာျဖင့္မတန္ေသာေၾကာင့္ ဆက္လက္စကားမေျပာေတာ့ပါ..ေမတၱာေရာင္ျပန္ဟပ္တတ္သည္..က်မတို႔အားလံုးေပၚ ေစတနာေမတၱာထားခဲ့သည္..ဤမွန္ကန္ေသာသစၥာစကားေၾကာင့္ က်မတို႔ယခုျဖစ္ေပၚေနေသာ အခက္ခဲမ်ားၾကားမွ အျမန္ဆံုးေျပလည္ပါေစ..မ်က္ျမင္ကိုယ္ေတြ႔မ်ား ၿငိမ္ၿပီးပါးစပ္မ်ားပိတ္မေနပါနဲ႔ ဒီေအာက္မွာလာမန္႔ေပးပါ..အမတို့ အကိုတို႔တြက္ႀကိဳးစားေတာင္းေပးခဲ့ၿပီး က်မတို႔ေစတနာကိုတကယ္နားလည္တယ္ဆိုရင္ပါ..
ၿဖိဳးသီရိထြန္း တို႔မိသားစု 3 ေယာက္သည္ စာခ်ဳပ္ခ်ဳပ္ပီးသည့္မေန႔ညေန 4:00 ခန္႔မွစတင္၍ ေငြ႐ွာမည္ဟုေျပာဆိုကာ က်မတို႔သည္ အိမ္မွာထိန္းသိမ္းထားလ်ွင္လဲ ေငြျပန္မရႏိုင္မွန္းသိလို႔ သူတို႔စကားကိုယံုၾကည္ကာလႊတ္လိုက္သည္..ထိုအခ်ိန္မွစ၍ စက္မ်ားပိတ္သြားခဲ့ၿပီး ယခုခ်ိန္ထိဆက္သြယ္၍မရေပ..

ေနာက္ဆံုးတစ္ခုေျပာခ်င္တာက က်မဆီမွမဲသားမ်ားေျပာသလို က်မတာဝန္ခံထားတာက်မ႐ွင္းဆိုသည့္စကားတိုင္း ၿဖိဳးသီရိထြန္း လူမ်ားၿဖိဳးသီရိထြန္းဆီသြား႐ွင္းၾကပါ..သူ႔ဆီမရတာနဲ႔ က်မတို႔ေမတၱာေစတနာေတြကို မေစာ္ကားပါနဲ႔..သူ႔ကိုဖမ္းမမိတိုင္း က်မတို႔ဘက္လွည့္မမဲပါနဲ႔..ဦးေႏွာက္မ႐ွိသူတိုင္းစကားကိုနားမေယာင္ပါနဲ႔လို႔ေျပာခ်င္ပါတယ္..ေနာက္တခုက က်မနဲ႔လုပ္ထားေသာကိစၥျဖစ္သည့္တြက္လဲ က်မအေဖနဲ႔လံုးဝမသက္ဆိုင္ပါ..က်မအေဖနာမည္တပ္တပ္ေျပာဆိုေနျခင္းမွသည္းခံေပးပါ..က်မအေဖက ၾကားမွ က်မတြက္တင္မဟုတ္ အလိမ္ခံရေသာ မိသားစုမ်ားကို ေစတနာျဖင့္ရလိုရျငားကူညီေပးျခင္းသာျဖစ္သည္..က်မမဲသားမ်ားတြက္ပိုက္ဆံျပန္ရရန္က်မတို႔ႀကိဳးစားေနဆဲပါ..ဒီလိုမ်ိဳးေတြက်မေၾကာင့္ျဖစ္သြားရတဲ့တြက္လဲ က်မမဲသားမ်ားအားလံုးကို က်မဒီေနရာကေနပဲ အႏူးၫြတ္ေတာင္းပန္ပါရေစ႐ွင္..
..

Unicode
ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်တစ်ယောက်ကတော့ သူမရင်ဆိုင်နေရတဲ့ လိမ်လည်မှုကိစ္စနဲ့ပက်သက်ပြီး ဖြေရှင်းချက်အချို့ကို ဖေ့စ်ဘွက်ကနေ ရေးပြလိုက်ပါတယ်။ ဒီနေ့ညနေမှာပါ သူမအသုံးပြုတဲ့ မြတ်နိုးဦး အကောင့်မှာ စာပိုဒ်ရေ များစွာပါဝင်တဲ့ ဖြေရှင်းချက်တစ်ခုကို ရေးလိုက်တာပဲ ဖြစ်ပါတယ်။
ခုဖြစ်နေတဲ့ ကျမ မဲကိစ္စ အလိမ်ခံရမှုနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက်…ကျမမမြတ်နိုးဦးသည် အနုပညာအမည် မသီရိယဉ်ကျေးသူ(ခေါ်)မဖြိုးသီရိထွန်း(ဒိုင်)(၁၂/အစန(နိုင်)၂၃၉၂၁၇) ဆီမှ မဲများကို April 20(20.4.2018)ရက်မှစတင်၍ ဝယ်ယူကာ ကျမအောက်မှ မဲသားများကို တစ်မဲကို 5 သောင်းသော်လည်းကောင်း 1သိန်းသော်လည်းကောင်း အမြတ်ယူ၍ ဝယ်ရောင်းလုပ်ခဲ့သည်(ကျမကိုယ်တိုင်လဲ 361 သိန်းဖိုးဝယ်ယူခဲ့သည်)..သို့သော် ကျမရောင်းသည့်ပုံစံမှာ ဒိုင်လျော်မှ ကျမအမြတ်ရမည့်ပုံစံဖြင့်ရောင်းချခဲ့သည် ကြိုတင်အမြတ်ရမည့်ပုံစံနှင့်ရောင်းချခဲ့ခြင်းမဟုတ်ပေ..(ဥပမာ-5သိန်းပေး8သိန်းပြန်ရ မဲကို 5သိန်းပေး 7သိန်းပြန်ရ)ပုံစံဖြင့်ရောင်းသောကြောင့် အမြတ်ကိုကြိုတင်ယူထား၍ရောင်းချခြင်းမရှိပေ..မသိီရိယဉ်ကျေးသူ(ခေါ်)မဖြိုးသီရိထွန်း(ဒိုင်)သည် ကျမကို စတင်လျော်ရမည့် နေ့မှာ May 1(1.5.2018) ရက်နေ့ဖြစ်သည်..သူမသည် ကျမကို ထိုနေ့မှစ၍လုံးဝ(လုံးဝ)မလျော်တော့ပါ..



ထို့ကြောင့် ကျမမှာရှိတဲ့ ကျမစုထားတဲ့ ငွေပေါင်း သိန်း 150 ကို 1ရက်နေ့သမားများနှင့် 2 ရက်နေ့သမားများအချို့ကိုစိုက်၍ လျော်ပေးခဲ့ခြင်းကြောင့် သူမဆီမှ အမြတ်ကိုတပြားမှကျမ မရလိုက်တဲ့အပြင် ကျမစုထားတဲ့ငွေများပါ ပါသွားခဲ့သည်..ယခု မသီရိယဉ်ကျေးသူ(ခေါ်)မဖြိုးသီရိထွန်း(ဒိုင်) သည် ကျမနှင့်ကျမအောက်မှ မဲသားများကို May18(18.5.2018) ရက်ထိ လျော်ရမည့်စုစုပေါင်း ငွေမှာ ကျပ်သိန်းပေါင်း(775450000) (မြန်မာငွေကျပ်ပေါင််းသိန်း ခုနှစ်ထောင့် ခုနှစ်ရာကျော် သိန်းရှစ်ထောင်နီးပါးဖြစ်ပေသည်)..ယခုချိန်ထိ 2 ရက်နေ့မှ 6ရက်နေ့ထိ သမားများအား မလျော်ရသေးပဲ ခေတ္တတန့်ထားရသည်..ယခုအခြေနေသည် မဖြိုးသီရိထွန်းတို့နှင့် လုံးဝဆက်သွယ်၍မရတော့ပေ..



ပီးခဲ့သော 4 ရက်နေ့ (4.5.2018) ရက်ည တွင် ကျမတို့မိသားစုမှ မဖြိုးသီရိထွန်း တို့မိသားစုအား ကလောမှရန်ကုန်သို့အပြန်လမ်းတွင်းစောင့်ဖမ်းခဲ့ရာ အိမ်ထိပါလာခဲ့သည်..ကျမအဖေသည် မေတ္တာစေတနာအပြည့်ဖြင့် ကျမနဲ့ထပ်တူ ငွေသားထောင်ပေါင်းများစွာအလိမ်ခံရသော မိသားစုပေါင်းများစွာကို ကျမတို့အိမ်သို့ခေါ်ယူ၍ ထိုနေ့ညက ခေတ္တထိန်းသိမ်းခဲ့ပြီး မနက်တွင် ထပ်မံရောက်ရှိလာသော လူများအားလုံးရှေ့တွင် အားလုံးတွက်အကောင်းမွန်ဆုံးဖြစ်စေရန် ကျမတို့အိမ်ပေါ်တွင် စာချုပ်ချုပ်ခွင့်ပြုခဲ့သည်..



ကျမအဖေမှ အလိမ်ခံရသောသူများကို အိမ်ပေါ်တတ်ခွင့်မပြု သူတို့မိသားစုများကိုလဲမိအောင်မဖမ်းပေးခဲ့လျှင် အားလုံးရဲ့ပိုက်ဆံသည် ရေစုံမျောရတော့မည်ဖြစ်သောကြောင့် ပါသွားသည့်ပိုက်ဆံကိုရလိုရငြားကူညီပေးခဲ့သော ကျမအဖေကို ကျေးဇူးမတင်ချင်နေပါ မစော်ကားကြပါနဲ့..နောက်တခုက ဖြိုးသီရိထွန်း ဆီမှဝယ်ယူထားသော လူများကို ကျမတို့ဘက်မှ ကူညီပေးနိုင်သည်မှာ စာချုပ်ချုပ်ပေးခိုင်းတဲ့အဆင့်ထိသာဖြစ်သည်..ကျန်တဲ့နောက်ပိုင်း လျော်သည် မလျော်သည်မှာ ကျမတို့အပိုင်းလုံးဝမဟုတ်တာဖြစ်သည့်အတွက် ကျမတို့အိမ်ရှေ့သို့ နောက်နောင်လုံးဝ ဖြိုးသီရိထွန်း ဆီမှလူများ မလာကြပါနဲ့..သူ့ဖုန်းနံပါတ်ရှိလျှင် သူ့ဖုန်းနံပါတ်ကိုသာဆက်၍ ပေးထားတဲ့ရက်ချိန်းတွင် ကိုယ်ရစရာရှိတဲ့ပိုက်ဆံကို ရယူပါ..ကျမတို့နှင့်လုံးဝမသက်ဆိုင်သောကြောင့်ဖြစ်သည်..ကျမ တာဝန်ယူရမည်မှာ ကျမအောက်မှ မဲသားများပင်ဖြစ်သည်..

 ယခုလက်ရှိအဓိကပြသာနာသည် ကျမတာဝန်ယူထားသောသူများပေါ်ကျမတို့တောင်းပန်ထားပြီးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေပါလျှက် အချိန်တခုထိမစောင့်ပေးပဲ ကျမအဖေနဲ့ကျမအားဂုဏ်သရေညိုးနွမ်းကျဆင်းအောင် နည်းမျိုးစုံဖြင့် post များတင်,စာစောင်တွေထဲထည့်ကြေငြာနေသောမိန်းမအချို့အား ကျမတာဝန်ယူမှု့အပေါ်လုံးဝထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ..

 ထို့်အတွက် ဥပဒေဖြင့်သာဆက်လက်လုပ်ဆောင်မည်..ကျန်တဲ့သူများအားကျမတို့ဘက်မှ အကောင်းဆုံးလုပ်ဆောင်ပေးနေသောကြောင့်အချိန်တစ်ခုပဲစောင့်ဆိုင်းပေးရန်လိုအပ်သည်..ကျမတို့ဘက်မှ မဖြိုးသီရိထွန်း ဆီမှ ဖမ်းမိသည့်ညက ငွေ 103 သိန်းမှလွဲ၍ ထပ်မံငွေရရှိခြင်းလုံးဝမရှိသေးပါ..ယခုသတင်းထွက်ရှိနေသော ကျမတို့အားငွေတစ်ဝက်လျော်ထားသည်ဆိုသည့် သတင်းမှာလဲလုံးဝအမှန်မဟုတ်ပေ..ရရှိထားခဲ့လျှင် ကျမတို့ဒီလိုဆက်လက်စိတ်ဆင်းရဲခံနေမည်မဟုတ်..နေ့ရောညပါမျက်ရည်နဲ့မျက်ခွက် မအိပ်နိုင်မစားနိုင် နဲ့ ဒီကိစ္စကိုသာ လုပ်နေခြင်းကြောင့် ရက်အနည်းငယ်သာစောင့်ဆိုင်းစေလိုသည်..


ပူးပေါင်းကြံစည်မှုဟုတ်မဟုတ်ကို ထိုနေ့ညကလာရောက်ခဲ့ကြသော အလိမ်ခံရသည့်အကိုအမများမျက်မြင်ဖြစ်သည့်တွက် ဦးနှောက်ရှိသူတိုင်းစဉ်းစားတတ်သည်..ထိုမျက်မြင်များကိုလဲမေးမြန်းနိုင်သည် ကျမတို့ဘယ်လိုတောင်းခဲ့တယ်ဆိုတာ..ထိုမျက်မြင်သူများလဲ ကျမအဖေကို မစော်ကားကြဖို့ထပ်မံမေတ္တာရပ်ခံပါရစေ..မျက်မြင်ကိုယ်တွေ့ ကိုယ်တိုင်မြင်ပါလျှက် ပူးပေါင်းကြံစည်သည်ဟုပြောသောသူများစေတနာဖြင့်မတန်သောကြောင့် ဆက်လက်စကားမပြောတော့ပါ..မေတ္တာရောင်ပြန်ဟပ်တတ်သည်..ကျမတို့အားလုံးပေါ် စေတနာမေတ္တာထားခဲ့သည်..ဤမှန်ကန်သောသစ္စာစကားကြောင့် ကျမတို့ယခုဖြစ်ပေါ်နေသော အခက်ခဲများကြားမှ အမြန်ဆုံးပြေလည်ပါစေ..မျက်မြင်ကိုယ်တွေ့များ ငြိမ်ပြီးပါးစပ်များပိတ်မနေပါနဲ့ ဒီအောက်မှာလာမန့်ပေးပါ..အမတို့ အကိုတို့တွက်ကြိုးစားတောင်းပေးခဲ့ပြီး ကျမတို့စေတနာကိုတကယ်နားလည်တယ်ဆိုရင်ပါ..
ဖြိုးသီရိထွန်း တို့မိသားစု 3 ယောက်သည် စာချုပ်ချုပ်ပီးသည့်မနေ့ညနေ 4:00 ခန့်မှစတင်၍ ငွေရှာမည်ဟုပြောဆိုကာ ကျမတို့သည် အိမ်မှာထိန်းသိမ်းထားလျှင်လဲ ငွေပြန်မရနိုင်မှန်းသိလို့ သူတို့စကားကိုယုံကြည်ကာလွှတ်လိုက်သည်..ထိုအချိန်မှစ၍ စက်များပိတ်သွားခဲ့ပြီး ယခုချိန်ထိဆက်သွယ်၍မရပေ..

နောက်ဆုံးတစ်ခုပြောချင်တာက ကျမဆီမှမဲသားများပြောသလို ကျမတာဝန်ခံထားတာကျမရှင်းဆိုသည့်စကားတိုင်း ဖြိုးသီရိထွန်း လူများဖြိုးသီရိထွန်းဆီသွားရှင်းကြပါ..သူ့ဆီမရတာနဲ့ ကျမတို့မေတ္တာစေတနာတွေကို မစော်ကားပါနဲ့..သူ့ကိုဖမ်းမမိတိုင်း ကျမတို့ဘက်လှည့်မမဲပါနဲ့..ဦးနှောက်မရှိသူတိုင်းစကားကိုနားမယောင်ပါနဲ့လို့ပြောချင်ပါတယ်..နောက်တခုက ကျမနဲ့လုပ်ထားသောကိစ္စဖြစ်သည့်တွက်လဲ ကျမအဖေနဲ့လုံးဝမသက်ဆိုင်ပါ..ကျမအဖေနာမည်တပ်တပ်ပြောဆိုနေခြင်းမှသည်းခံပေးပါ..ကျမအဖေက ကြားမှ ကျမတွက်တင်မဟုတ် အလိမ်ခံရသော မိသားစုများကို စေတနာဖြင့်ရလိုရငြားကူညီပေးခြင်းသာဖြစ်သည်..ကျမမဲသားများတွက်ပိုက်ဆံပြန်ရရန်ကျမတို့ကြိုးစားနေဆဲပါ..ဒီလိုမျိုးတွေကျမကြောင့်ဖြစ်သွားရတဲ့တွက်လဲ ကျမမဲသားများအားလုံးကို ကျမဒီနေရာကနေပဲ အနူးညွတ်တောင်းပန်ပါရစေရှင်..

No comments:

Post a Comment