Sunday, May 6, 2018
ဇနီးဖြစ်သူများကို ရက်စက်စွာရိုက်နှက်ညှင်းဆဲပြီး ထွက်ပြေးသွားအောင် တမင်ပြုလုပ်တတ်သူအား အမှု့ ဖွင့်
ပေါင် ၊ မေ ၆၊
ရက်စက်စွာညှင်းဆဲခြင်းခံရသည့် နောက်ဆုံးဇနီးဖြစ်သူမှ ၄င်း၏ခင်ပွန်းအား လိမ်လည်ပြောဆိုပေါင်းသင်းခံရခြင်းအတွက် ရဲစခန်းသို့တိုင်ကြား အမှုဖွင့်ခဲ့သည်။
ပေါင်မြို့နယ် ၊ ဖြူဘကျေးရွာကျေးရွာ၊ ရပ်ကွက် ၁ နေသူ ရာဂျား ၅၀ နှစ် (ဘ) ဦးဂွန်ဂျမ်း ဆိုသူသည် မယားကြီးနှင့် သားသမီးများ ရှိနေသော်လည်း အမျိုးသမီးငယ်များအား လိမ်လည်တောင်းယူ ပေါင်းသင်းနေသည်မှာ ၄/၅ ဦးရှိပြီ ဖြစ်ကြောင်း ယူပြီးတစ်လ နှစ်လကြာချိန်တွင် ရက်စက်စွာ ရိုက်နှက်ညှင်းဆဲပြီး ထွက်ပြေးသွားအောင် တမင်ပြုလုပ်တတ်သည်ဆိုသည်။
"ကျွန်မကိုသူလာတောင်းတယ်နော် သူကလူလွတ်လို့ပြောတယ် ဘုရားကျောင်းမှာ လက်ထပ်ပုတီးဆွဲပေးတယ် ပေါင်းလာတာ တစ်လပဲကြာတယ် ရိုက်တယ် တအားရိုက်တယ် သံပြားကိုမီးဖုတ်ပြီး ကျွန်မကိုကပ်ဖို့လုပ်တယ် ကျွန်မ အမေအိမ်ကိုထွက်ပြေးတယ် သူက မိန်းမတွေအများကြီးယူတယ် ကျွန်မကို လိုပဲညှင်းဆဲတယ်" ဟု မေလ၆ ရက်နေ့က ပေါင်ရဲစခန်းမှာ အမှုလာတိုင်သူ မစန်းစန်းဝင်း က ပြောသည်
မိမိအား လူလွတ်ပါဟု ယုံအောင်ပြောကာ လိမ်လည်ပေါင်းသင်းခဲ့ပြီး နောက်မှ ၎င်းတွင် တရားဝင်ကွာရှင်းထားခြင်း မရှိသေးသော ဇနီးများရှိနေကြောင်း သိရသဖြင့် သဲကုန်းကျေးရွာ ၊ခင်တန်းပိုင်းနေသူ မစန်းစန်းဝင်း မှ ရာဂျား အား ပေါင်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားချက်အရ
ပေါင်ရဲစခန်းမှ (ပ)၂၃၂/၂၀၁၈ တစ်လင်တစ်မယား ကျင့်သုံးခြင်း ဆိုင်ရာဥပဒေပုဒ်မ ၁၇ အရအမှုဖွင့် ဖမ်းဆီး အရေးယူထားသည်။
ယုန်ထောင်ကြောင်မိဥပဒေဟု ဝေဖန်ခံနေရသော တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ ယခင်စွဲဆိုမှုများတွင် မယားကြီးဖြစ်သူများကသာ တရားလိုပြုလုပ်တိုင်တန်းခြင်းများရှိခဲ့ပြီး ပြစ်ဒဏ် ၇ နှစ်ထိချမှတ်နိုင်သည့် ပုဒ်မ၁၃ အရစွဲဆိုခဲ့ကြခြင်းဖြစ်သည်။
တရားဝင်ကွာရှင်းထားခြင်း မရှိသေးသည့် ဇနီးရှိပါလျှက် လိမ်လည်ပြီး ထပ်မံထိမ်းမြားခြင်းခံရသူ နောက်ဆုံးဇနီးက တိုင်ကြားစွဲဆို ခဲ့ခြင်းမှာ ပေါင်မြို့နယ်တွင် ယခုအမှုသည် ပထမဆုံးဖြစ်ကြောင်းသိရပြီး အဆိုပါ ပုဒ်မ၏အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်၁၀နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။
Paung Daily
https://www.facebook.com/paungdaily
ဇနီးဖြစ်သူများကို ရက်စက်စွာရိုက်နှက်ညှင်းဆဲပြီး ထွက်ပြေးသွားအောင် တမင်ပြုလုပ်တတ်သူအား အမှု့ ဖွင့်
Reviewed by timeayeyar
on
10:43 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment