Latest News

Saturday, May 5, 2018

ဘားအံ-သထုံအဝေးပြေးကားလမ်းမကြီးတွင် ဟိုင်းလတ်ယာဉ်တစ်စီးတိမ်းမှောက်

ဘားအံ-သထုံအဝေးပြေးကားလမ်းမကြီးတွင် ဟိုင်းလတ်ယာဉ်တစ်စီးတိမ်းမှောက်

ဘားအံ. မေ ၅

ကရင်ပြည်နယ်၊ဘာအံမြို့နယ်၊သထုံ-ဘားအံအဝေးပြေးကားလမ်းမကြီးဝါးဘိုးတောကျေးရွာအနီးအန္တရာယ်ကွေ့၌ပဲခူးမှဘားအံသို့မောင်းနှင်လာသောဟိုင်းလတ်ယာဉ်တစ်စီးလမ်းဘေးထိုးကျတိမ်းမှောက်မှုမေလ၄ရက် နံနက်၉နာရီခန့်ကဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

သတင်းအရမြိုင်ကလေးရဲကင်းစခန်းမှူးရဲ အုပ်ဇော်လွင်၊ နယ်ထိန်းရဲတပ်ကြပ်စိုးဇော်ဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များသည်သက်သေ
များဖြစ်သော ဘင်ဂျီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဦးရွှေဝင်းကြည်၊ရာအိမ်မှူးဦးစောဖောလားတို့နှင့်အတူသွားရောက်စစ်ဆေးရာ သထုံဘက်မှဘားအံဘက်သို့ ယာဉ်မောင်းသန်းညွန့်ဝင်း(၂၇)နှစ်၊ရာဇဓိရာဇ် (၃)လမ်းအမှတ်(၁၄)ရပ်ကွက်၊ပဲခူးမြို့၊ပဲခူးတိုင်းဒေသကြီးနေသူမောင်းနှင်လာသောပြီးယာဉ်နောက်လိုက် အောင်ကိုကိုထွန်းလိုက်ပါ၍အမျိုးသမီး၃ဦး၊အမျိုးသားတစ်ဦးတင်ဆောင်စီးနင်းလိုက်ပါလာသော(အောင်ထူးဆန်း)ယာဉ်လိုင်းမှBGO ----နံပတ်တပ်-HILUXအဖြူရောင်ယာဉ်သည်ဘုရင်ညီဂူဘုရားအလွန်၊ဝါးဘိုးတောကျေးရွာအနီးအန္တရာယ်ကွေ့၊မိုင်တိုင်အမှတ် ၁၃/၂နှင့်၁၃/၃ကြားအရောက်အရှိန်မထိန်းနိုင်ဘဲလမ်းယာဘက်ဘေးချောက်ထဲသို့ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်လိုက်ပါစီးနင်းလာသောအောင်နိုင်ထွန်း၊စက်ရုံဝန်ထမ်း၊ မြိုင်ကလေး၊ဒေါ်ခင်အုံးမြင့်၊ သထုံမြို့သစ်လမ်း၊ စစ်မှုထမ်းဟောင်းအိမ်ယာ၊သထုံမြို့နေသူနှင့်မခင်ခင်လေး၊စိန်ချယ်လမ်း၊စိုက်ပျိုးရေး(၆၉)၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူတို့တွင် (မစိုးရိမ်)ဒဏ်ရာအသီးသီးရရှိခဲ့ပြီး မနန်းမြင့်ကမော့ကစဉ်ကျေးရွာ၊ ဘားအံမြို့ နယ်နေသူမှာရရှိသောဒဏ်ရာများကြောင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့်
လူမူကူညီရေးအသင်းအဖွဲ့များမှမော်တော်ယာဉ်များဖြင့်ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာရဲဆေးစာဖြင့်ဆေးကုသမှုခံယူစေခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်းသန်းညွန့်ဝင်းအားဥပဒေနှင့်အညီ
အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

မင်းသူ/ထွန်းထွန်းထွေး (ဘားအံ)

No comments:

Post a Comment