Latest News

Friday, May 11, 2018

ဟင်္သာတမြို့၌ ထင်းပို့ပြီးပြန်လာသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီး အဓ္ဓမပြုကျင့်ခံရမှုဖြစ်ပွား

ဟင်္သာတမြို့၌ ထင်းပို့ပြီးပြန်လာသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီး အဓ္ဓမပြုကျင့်ခံရမှုဖြစ်ပွား

ဟင်္သာတ၊ မေ ၁၁ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ခြင်းကုန်းကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့ ညနေပိုင်းက အသက် ၁၅ နှစ် အရွယ်မိန်းကလေးတစ်ဦး အဓ္ဓမပြုကျင့်ခံရကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ - မ ++++++ အသက် ၁၅ နှစ်သည် တလု​တ္ထော်
ရွာမရပ်​ကွက်​အတွင်းရှိ ​ဒေါ်+++++၏ ​နေအိမ်​သိုး စက်​ဘီးဖြင့်
ထင်းပို့ပြီး ပြန်​လာစဉ် ရွာထိပ်အရောက်၌ ကျေးရွာအတူနေ သန်းမျိုးအောင်(ခ) အောင်သူမျိုး၊ အသက် ၁၈ နှစ်မှ နင့်​ကို​ပြောစရာရှိတယ်​ဟုဆိုကာ စက်​ဘီးအားတွန်းလှည်းပြီး
အနီးရှိ ဘုရားတန်​​ဆောင်းအတွင်းဆွဲ​ခေါ်က အဓမ္မပြုကျင့်
ခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

သမီးဖြစ်သူ၏ ပြောပြချက်အရ မိခင်ဖြစ်သူ ဒေါ် ++±+ မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအားတိုင်ကြားခံပြီးနောက် ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက် ည ၈ နာရီအချိန်လောက်တွင် တလု​တ္ထော်​နယ်​​မြေရဲစခန်းသို့ သွား​ရောက်​အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၁၅ နှစ်အရွယ် မ +++++++ အား အဓ္ဓမပြုကျင့်ခဲ့သူ သန်းမျိုးအောင်(ခ) အောင်သူမျိုးအား တလု​တ္ထော်​နယ်​​မြေရဲစခန်းမှ
(ပ) ၁၁၅/ ၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ အရ အမှုဖွင့်ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment