Latest News

Friday, May 11, 2018

လိဒ်ယူနိုက်တက် ဖောင်ဒေးရှင်း လူငယ် ဘောလုံး လေ့ကျင့်ရေး အစီအစဉ်၌ မြန်မာလူငယ် ဘောလုံး ကစားသမား ၂၅ဝ လေ့လာ သင်ယူ

လိဒ်ယူနိုက်တက် ဖောင်ဒေးရှင်း လူငယ် ဘောလုံး လေ့ကျင့်ရေး အစီအစဉ်၌ မြန်မာလူငယ် ဘောလုံး ကစားသမား ၂၅ဝ လေ့လာ သင်ယူ

ရန်ကုန် မေ ၁ဝ

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နှင့် လိဒ်ယူနိုက်တက်အသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ် ဘောလုံး လေ့ကျင့် သင်ကြားရေး အစီအစဉ် The Leeds United Foundation Kids Football Clinic ကို ယနေ့တွင် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဗြိတိန်သံအမတ် အင်ဒရူးပက်ထရစ်၊ လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် ရာဒရစ်ဇာနီနှင့် ကစားသမားများ တက်ရောက်ခဲ့ပြီး လိဒ်ယူနိုက် တက် အသင်းနည်းပြများနှင့် ကစား သမားများက မြန်မာလူငယ် ကစားသမား ၂၅ဝ ကို အခြေခံဘောလုံးပညာများ မျှဝေသင်ကြားပေးခဲ့ကြသည်။

ယင်းနောက် MFF ဥက္ကဋ္ဌ၊ ဗြိတိန် သံအမတ်နှင့် လိဒ်ယူနိုက်တက်အသင်း ပိုင်ရှင်တို့က မြန်မာလူငယ် ကစားသမားများကို တစ်ဦးချင်း လိုက်လံနှုတ်ဆက်ပြီး ကလေးများနှင့်အတူ Football Clinic အစီအစဉ်တွင် ပါဝင် ဆင်နွှဲခဲ့ကြသည်။

လိဒ်ယူနိုက်တက်အသင်း အနေဖြင့် အဆိုပါ အစီအစဉ်ကို မြန်မာ နိုင်ငံခြေစမ်း ခရီးစဉ် အတည်ပြုကတည်းက ထည့်သွင်းကာ သဘောတူညီချက်ဖြင့် မြန်မာလူငယ် ကစားသမား များကို ဘောလုံးပညာများ သင်ကြား ပို့ချခဲ့ခြင်းဖြစ်ပြီး MFF အနေဖြင့် လိဒ်ယူနိုက်တက်အသင်းနှင့် လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ် ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။

MWD

No comments:

Post a Comment