Latest News

Friday, May 11, 2018

ဟင်္သာတမြို့၌ မယားပါသားအား ပထွေးဖြစ်သူမှ ဓားဖြင့်ခုတ်သတ် မှုဖြစ်ပွား

ဟင်္သာတမြို့၌ မယားပါသားအား ပထွေးဖြစ်သူမှ ဓားဖြင့်ခုတ်သတ် မှုဖြစ်ပွား


ဟင်္သာတ၊ မေ ၁၁ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဆင်​မ​သေကျေးရွာ အုပ်​စု၊ အင်းဂရမ်း​ကျေး​ရွာတွင်​ ၂၀၁၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့ (ယနေ့) နေ့လည် ၁၂ နာရီအချိန်တွင် ပထွေးဖြစ်သူမှ မယားပါ သားအားဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ - ဦးတင်​သန်း ၅၆ နှစ်​ သည်​​နေ့လည်​ ၁၂ နာရီခန့်​က ထင်းခုတ်​ပြီး အိမ်​သို့ပြန်​လာ၍ ထမင်းစား​နေစဉ်​ မယားပါ သားဖြစ်သူ အောင်မျိုးထက်(ခ) ဆံရှည်ရောက်ရှိလာပြီး ထမင်းဝိုင်းတွင်ဝင်စားပြီးနောက် ထမင်းပန်းကန်​အား​ခြေ​ခေါက်​နှင့် ကန်​သဖြင့်​ ပထွေးဖြစ်သူ ဦးတင်​သန်း ၅၆ နှစ်​မှ အနီးတွင်အဆင်​သင့်​ရှိ​နေ​သော ထင်းခုတ်​ဓားမဖြင့်​ဒေါသဖြစ်ပြီးခုတ်ခဲ့ခြင်းဖြစ်သည်။

အောင်မျိုးထက်(ခ) ဆံရှည်မှာ ဓားဖြင့်အခုတ်ခံရခြင်းကြောင့် ယာဘက်​နားထင်​ ပြတ်​ရှဒဏ်​ရာ (၁) ချက်​၊ ​နောက်​​စေ့ပြတ်​ရှ
ဒါတ်​ရာ (၁)ချက်​နှင့်​ ယာဘက်​လက်​ ပြတ်​ရှဒဏ်​ရာ (၁)ချက်​စသည့် ဒဏ်​ရာများရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ရန်ပြုလုပ်စဉ် သေဆုံးခဲ့တာဖြစ်ကြောင်းသိရသည်။

သေဆုံးသူ အောင်မျိုးထက်(ခ) ဆံရှည်မှာ အရက်သေစာသောက် စားထားပြီး သေဆုံးမှုနှင့်ပတ်သက်၍ အစ်မတော်စပ်သူ မလဲ့လဲ့ဝင်းမှ တလု​တ္ထော်​နယ်​​မြေရဲစခန်းသို့ အမှုဖွင့်အရေးယူ ပေးရန်တိုင်ကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးထက်(ခ) ဆံရှည်သေဆုံးမှုနှင့်ပတ်သက်၍ ဦးတင်​သန်း အား တလု​တ္ထော်​နယ်​​မြေရဲမှ (ပ) ၁၁၆/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။


သတင်း - တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment