Latest News

Tuesday, May 8, 2018

လှိုင်ဝစစ်ဆေးရေးဂိတ်တွင် ပိုင်ရှင်မဲ့(လိုင်စင်မဲ့)မော်တော်ယာဉ်များဖမ်းဆီးရမိ

လှိုင်ဝစစ်ဆေးရေးဂိတ်တွင် ပိုင်ရှင်မဲ့(လိုင်စင်မဲ့)မော်တော်ယာဉ်များဖမ်းဆီးရမိ

ကော့ကရိတ် မေ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့ လှိုင်ဝစစ်ဆေးရေးဂိတ်တွင် မေလ ၇ရက်နေ့ ညနေ ၅း၃၀အချိန်တွင် လှိုင်ဝစစ်ဆေးရေးဂိတ်တာဝန်ခံရဲအုပ်မျိုးမင်းထွန်းနှင့်အဖွဲ့၊ အမှတ် ၇၁ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးဝင်းမြင့်တို့သည် မြဝတီမှ ဆင်းလာသည့် မော်တော်ယာဉ်များပေါ်တွင် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်ဘင်္ဂါလီများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြတ်သန်းမှု မရှိစေရေးစစ်ဆေးဆောင်ရွက်စဉ် လိုင်စင်မဲ့မော်တော်ယာဉ်(၇)စီးဖမ်းဆီးရမိခဲ့သည်။

 အဆိုပါလိုင်စင်မဲ့ မော်တော်ယာဉ်များမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဘေးတွင် ရပ်ထားသည်ကိုတွေ့ရှိရ၍ ရဲအုပ်မျိုးမင်းထွန်းနှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးရာပိုင်ရှင်များစုံစမ်းသော်လည်းမရသဖြင့် လှိုင်ဝစစ်ဆေးရေးဂိတ်တွင် ပိုင်ရှင်မဲ့ဖြင့် သိမ်းဆည်းခဲ့သည်။ ၄င်းမော်တော်ယာဉ်(၇)စီးမှာ RLG/---- နံပါတ်တပ် VIGO(အနက်ရောင်)တစ်စီး၊ Crown(အဖြူရောင်)တစ်စီး၊ Crown (ခဲရောင်)တစ်စီး၊ ALPHARD (အဖြူရောင်)တစ်စီး၊ မတ်တူး(အနက်ရောင်)တစ်စီး၊ TOYOTA wish (အဖြူရောင်)တစ်စီး၊ တန-၄ နံပါတ်တပ် ALPHARD (အဖြူရောင်)မော်တော်ယာဉ်တစ်စီးစုစုပေါင်း(၇)စီးအားဖမ်းဆီးကာကရင်ပြည်နယ်၊ ရဲတပ်ဖွဲ့မှူးရုံးသို့ ပို့အပ်ထားကြောင်းသိရှိရသည်။

စိုးထက်အောင်(ကော့ကရိတ်)

No comments:

Post a Comment