Latest News

Tuesday, May 8, 2018

ဟိုင်းကြီးကျွန်းတွင်​ ငါးဖမ်းပစ္စည်းများ သိမ်းဆည်းသည့် ပိုက်ရုံမီးလောင်မှုဖြစ်ပွား

ဟိုင်းကြီးကျွန်းတွင်​ ငါးဖမ်းပစ္စည်းများ သိမ်းဆည်းသည့်
ပိုက်ရုံမီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းရှိ ငါးဖမ်းပစ္စည်းများသိမ်းဆည်းသည့် ပိုက်ရုံ တစ်ခု မေလ ၈ရက် နံနက် ၀၂း၃၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ၀၃း၀၀အချိန်ခန့်ကမီးညွှန်ကျိုးသွားပြီးမီးသတ်ဦးစီးဌာနမှမီးသတ်ကားတစ်စီးနှင့်ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ မီးသတ်ကားတစ်စီး တို့ဖြင့် မီးငြိမ်းသတ်လျှက်ရှိကြောင်းသိရသည်။

မီးလောင်မှုကြောင့် ပိုက်ရုံတစ်ခုလုံး မီးလောင်သွားခဲ့ပြီး ဒေသခံများက ရေစက်များဖြင့်ပတ်ဝန်းကျင်အလုပ်ရုံများ ကိုရေကြိုတင်ပက်ဖြန်းထားခြင်းကြောင့်လည်းကောင်း၊ ပန်ဝန်းကျင်၌ သမှဲ့ပင်များပေါက်ရောက်နေခြင်းကြောင့် လည်းကောင်း အခြားနေရာများသို့မကူးဆက်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

 အဆိုပါအလုပ်ရုံမှာ အမှတ်(၃)ရပ်ကွက်ရှိ ဦးသိန်းဝင်း(ခ)ဦးမောင်ပုလေး၏ ပိုက်ရုံဖြစ်ပြီးမည်သို့မီးလောင်ခဲ့ခြင်းနှင့် မီးလောင်ဆုံးရှုံးမှုအခြေအနေကိုသိရှိနိုင်ရန်စစ်ဆေးဆောင်ရွက်လျက်ရှိကာ လူအသေအပျောက်နှင့်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းကနဦးသတင်းများအရသိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

No comments:

Post a Comment