Latest News

Tuesday, May 8, 2018

မန္တလေးမြို့ပေါ်တွင်​ ခိုးယူထားသည့်ဆိုင်ကယ်များ ​ဖမ်းဆီးရမိ

မန္တလေးမြို့ပေါ်တွင်​ ခိုးယူထားသည့်ဆိုင်ကယ်များ ​ဖမ်းဆီးရမိ

မန္တလေး၊ မေ ၈

မန္တလေးတိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည်မေ၇ရက်နေ့လည်၂နာရီက သက်သေ များနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ချမ်းအေးသာစံမြို့နယ်၊ လက်ရွေးကြီး မြောက်ပိုင်း ရပ်ကွက်နေ အောင်နိုင်ဦး(ခ)အိုးဝေ၊ တစ်ရပ်တည်းနေ အောင်လှိုင်ထူး(ခ)ဖိုးသား ရဲမင်းထက်(ခ)ရဲကြီးတို့ ၃ ဦးအား နံပါတ်မပါ CZI ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာတွေ့ရှိသဖြင့် သက်သေများရှေ့စစ်မေးရာ  ၎င်းတို့သည် ဇော်ဇော်မင်း(ခ) ဖက်တီးနှင့်အတူ လွန်ခဲ့သော(၁)ပတ်လွန်ခဲ့သော(၁)ပတ်ခန့် နေ့လည် ၁ နာရီအချိန်ခန့် မဟာအောင်မြေမြို့နယ်၊  စိန်ပန်းရပ်ကွက်ရှိ စတိုးဆိုင်ရှေရပ် ထားသော အဆိုပါဆိုင်ကယ်အားလည်းကောင်း၊ ဆက်လက်၍ အမှုကွင်းဆက်ထပ်မံဖော်ထုတ်စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးသည် ရီဝေဖြိုး၊ ကျားကြီး(ခ)ကျော်ဆန်းဝင်းတို့နှင့်အတူ လွန်ခဲ့သော(၄)ရက်ခန့် ည ၁၀ နာရီအချိန် ခန့်က ၄၁ လမ်း၊  ၈၇x၈၈ လမ်းကြားတွင် ရပ်ထားသော နံပါတ်မပါ Zongshen Click-125 ဆိုင်ကယ်အား လည်းကောင်း၊ တရားခံ အောင်နိုင်ဦး(ခ)အိုးဝေနှင့် ရဲမင်းထက်(ခ)ရဲကြီးတို့အား စစ်မေးရာ  ၎င်းတို့ ၂ ဦးသည် ညီညီဟန်ကျော်(ခ)သားညီ၊ ကြေးနန်းဝန်းရပ်၊ ချမ်းအေးသာစံမြို့နယ်၊ ရဲဝင်းထွန်းတို့နှင့်အတူ ၁၄.၄.၂၀၁၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၆၅x၆၆ လမ်းကြားရှိ ဆိုင်ကယ်ရပ်နားသည့်နေရာမှ  Honda Click-125 ဆိုင်ကယ် အားလည်းကောင်း၊ တရားခံ အောင်နိုင်ဦး(ခ)အိုးဝေအား အမှုကွင်းဆက်ထပ်မံဖော်ထုတ်စစ်ဆေးခဲ့ရာ ၎င်းသည် နောင်နောင်ထွန်း၊ ကြေးနန်းဝန်းရပ်၊ ချမ်းအေးသာစံမြို့နယ်၊ ဆွေလှိုင်ဦးတို့နှင့်အတူ လွန်ခဲ့သော (၂)ပတ်ခန့် နံနက် ၁၁ နာရီအချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၂၆x၂၇ လမ်းကြားရှိ ဆိုင်ကယ်ရပ်နား သည့်နေရာမှ ဆိုင်ကယ်တစ်စီးအား  လည်းကောင်း ခိုးယူခဲ့ကြောင်း သိရှိရသဖြင့်  သက်သေခံဆိုင်ကယ်များအား ရဲစခန်းအသီးသီးတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့်၎င်းတို့အား ထပ်မံအမှုဖွင့်စစ်ဆေးချက်အရ မန္တလေးမြို့ပေါ်မှစုစုပေါင်း ဆိုင်ကယ်(၉)စီးခိုးယူခဲ့ကြောင်း သိရသည်။

အောင်စံမောင်

No comments:

Post a Comment