Latest News

Friday, May 11, 2018

အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ ထိပ်သီးအစည်းအဝေးကျင်းပမည်

အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ ထိပ်သီးအစည်းအဝေးကျင်းပမည်

ဝါရှင်တန်   မေ   ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း တို့သည် လာမည့်ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ ထိပ်သီးအစည်းအဝေးတစ်ရပ်  ကျင်းပ သွားတော့မည်ဖြစ်သည်ဟု ထရန့်က  ကြေညာလိုက် ကြောင်းသိရသည်။

ထရန့်သည်    ယင်းကြေညာချက် ကို  ကြာသပတေးနေ့က  တွစ်တာပေါ် တွင်       ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ ¤င်းနှင့် ခေါင်းဆောင်ကင်တို့သည်   က္ဘာ့ငြိမ်းချမ်းရေး အတွက် အင်မတန်အရေးကြီးသည့် အခြေအနေတစ်ရပ်ကို   နှစ်ဦးစလုံးက   ဖန်တီးရန်  ကြိုးစားသွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

စင်ကာပူသည် အမေရိကန် ပြည်ထောင်စုနှင့်  မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံလုံး တို့နှင့် သံတမန်ရေးရာ ရင်းနှီးဆက်ဆံမှုရှိလာခဲ့သည့် နိုင်ငံတစ်နိုင်ငံအဖြစ်          ယူဆနိုင် ပြီး ခေါင်းဆောင်ကင်ကို ¤င်း၏ကိုယ်ပိုင်လေယာဉ်ဖြင့် တိုက်ရိုက်ဝင်ရောက်ခွင့်ကို လည်း  ပေးအပ်ထားသည်။ နှစ်နိုင်ငံ  ထိပ်သီးအစည်းအဝေး ကျင်းပမည့် အစီအစဉ်တွင် ပါဝင်သည့်  ထိပ်တန်း အကြောင်းအရာတစ်ခုမှာ ခေါင်းဆောင်နှစ်ဦးတို့သည်   မြောက် ကိုရီးယား  နျူကလီးယားလက်နက်  လျှော့ချရေးအတွက် ကြိုတင်လမ်းခင်းမှုများနှင့် ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းမှုနေရာတွင်အစားထိုးနိုင်မည့် ထာဝစဉ်တည်မြဲသည့်  ငြိမ်းချမ်း ရေး မူဘောင်သစ်ကို   ဖန်တီးနိုင်မှု   ရှိမရှိဆိုသည့် အကြောင်းအရာဖြစ်လာမည်ဖြစ်သည်။

နောက်ထပ်အာရုံစိုက်ဖွယ် အချက်မှာ မြောက်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့များက လွန်ခဲ့သော ဆယ်စုနှစ်အကြာက အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည့်  ဂျပန်နိုင်ငံသားများကိစ္စကို  ထရန့်က  ထည့်သွင်းဆွေးနွေးသွားနိုင်ခြင်းရှိ  မရှိ ဆိုသည့် အကြောင်းအရာဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီအို သည်  ယခုရက်သတ္တပတ်  အစောပိုင်းက   မြောက်ကိုရီးယားသို့  အလည်အပတ် လာရောက်ခဲ့ပြီး  ပြုံယမ်းမှ ပြန်လွှတ်ပေးလိုက်သည့် ဖမ်းဆီးထိန်းသိမ်းခံ  အမေရိကန် နိုင်ငံသားသုံးဦးနှင့်အတူ နေရပ်ပြန်သွားခဲ့ကြောင်း သိရသည်။      

မြန်​မာ့အလင်း

No comments:

Post a Comment