Latest News

Friday, May 11, 2018

မြိတ်-ထားဝယ်လမ်းပိုင်း၌ ကွန်တိန်နာယာဉ်တစ်စီး မီးလောင်မှုဖြစ်

မြိတ်-ထားဝယ်လမ်းပိုင်း၌ ကွန်တိန်နာယာဉ်တစ်စီး မီးလောင်မှုဖြစ်

မြိတ်   မေ   ၁၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မြိတ်-ထားဝယ်ကားလမ်း   မိုင်တိုင်အမှတ် ၅၄/၇ နှင့် ၅၅ မိုင်ကြားတွင် မေ ၁၁  ရက် နံနက် ၁၁  နာရီ ၁၅ မိနစ်ခန့်က ကွန်တိန်နာတစ်စီး  မီးလောင်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်မှ  မြိတ်သို့  ယာဉ်မောင်း အောင်အောင်(ခ)ကစ္စနား(၂၃ နှစ်)     ကန်ဖျားရပ် မြိတ်မြို့နေသူနှင့် ယာဉ်ပေါ်ပါ သုံးဦးတို့လိုက်ပါပြီး    ကြက်စာ၊  ဘဲစာ ကြိတ်ရန် ကဗျက်ခေါင်းငါး  ၆ဝဝဝ ကီလို ဂရမ်   တင်ဆောင်မောင်းနှင်လာသည့်  ယာဉ်အမှတ်  6N/----အီစူဇူး ကွန်တိန်နာယာဉ်သည်       နောက်ဘီး ဘရိတ်ရှူးငြိကာ           အပူလွန်ကဲ၍ မီးလောင်ခဲ့ကြောင်း   သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့      သရက် ချောင်းမီးသတ်ဦးစီးဌာန     ဦးစီးမှူး  ဦးသက်နိုင်လွင်နှင့်       မီးသတ်တပ်ဖွဲ့ဝင် များ၊ ပလောက်မြို့   မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးနှင့်    အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက   မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့်    ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ  ၁၂  နာရီ ၁၅ မိနစ် တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့်     လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်      ယာဉ်နှင့် ကုန်ပစ္စည်းများ              ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်   သိန်း  ၄ဝဝ   ကျော်ခန့်ရှိခဲ့ပြီး  ယာဉ်မောင်း          အောင်အောင်(ခ)      ကစ္စနားအား              သက်ဆိုင်ရာက  စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
 
 
စန်းထူး (မြိတ်ကိုယ်ပွား)

No comments:

Post a Comment