ကိဗ် မေ ၂၇
လီဗာပူးဂိုးသမား ကာရီရက်စ်သည် အသင်းဖော်ခံစစ်မှူး ဗန်ဒစ်ထံသို့ လက်ပစ်ဘောပေးပို့ရာမှ ဘင်ဇီမာနှင့် ထိပြီး ဂိုးပေးခဲ့ရခြင်းကြောင့် လီဗာပူး၏ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခွင့်အိပ်မက် ပျက်ပြယ်ခဲ့ရာ ကာရီရက်စ်က တစ်ကမ္ဘာလုံးကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
ဂါရတ်ဘေးလ်၏ အဝေးကန်ချက်သည်လည်း ဂျာမန်ဂိုးသမား ကာ ရီရက်စ်၏ လက်ကြားမှထွက်ပြီး ဂိုးပေးခဲ့ရသဖြင့် ပွဲအပြီးတွင် ကာရီရက်စ်မှာ ငိုကြွေးခဲ့ပြီး တစ်သင်းလုံး၊ အသင်းပရိသတ်များ အားလုံးနှင့် တစ်ကမ္ဘာလုံးကို တောင်းပန်ခဲ့သည်။
ပွဲအပြီးတွင် ကာရီရက်စ်က ''ကျွန်တော် အခုချိန်မှာ ဘာကိုမှ မခံစားရသလိုမျိုး ဖြစ်နေတယ်။ ကျွန်တော့်အသင်းကို ကျွန်တော့်ကြောင့် ရှုံးစေခဲ့တယ်။ အားလုံးကိုတောင်းပန်ပါ တယ်။ အသင်းအတွက်၊ တစ်ကမ္ဘာလုံးအ တွက်ပါ တောင်းပန်ပါတယ်။ အချိန်တွေ နောက်ပြန်ဆွဲလို့ရရင် ပြန်သွားပြီး ပေးဆပ်ချင်ပါတယ်။ ဒီနေ့မှာ ကျွန်တော့် အမှားေ တွကြောင့် အသင်းကို ကျရှုံးစေခဲ့ပါတယ်'' ဟု ပြောသည်။
ထိုပွဲတွင် ရာမို့စ်နှင့်ထပ်ပြီးလဲကျခြင်းကြောင့် လက်မောင်းအဆစ် ပြုတ်သွားသော ဆာလက်ခ်ျမှာလည်း ဒဏ်ရာပြင်းထန်ပြီး ငိုကြွေးကာ ပွဲမှထွက်ခဲ့ရသည်။ အဆိုပါဒဏ် ရာကြောင့် ဆာလက်ခ်ျသည် အီဂျစ်အသင်းနှင့် ကမ္ဘာ့ဖလားပွဲကို လွဲချော်နိုင်ခြေများနေသည်။ သို့သော် ဆာလက်ခ်ျက နိုင်ငံအသင်းအတွက် အချိန်မီပြန်က စားပေးနိုင်ရန် မျှော် လင့်ကြောင်း ပြောကြားခဲ့သည်။
MWD
No comments:
Post a Comment