ကိဗ် မေ ၂၇
ရီးယဲလ်နှင့် လီဗာပူးတို့၏ ယမန်နေ့ညက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ လီဗာပူးအသင်း၏ အဓိကတိုက်စစ်ကစားသမား ဆာလက်ခ်ျမှာ ပွဲချိန်အစောပိုင်းမှာပင် ရာမို့စ်နှင့်အတူ လဲကျခဲ့ရာ၌ ရာမို့စ်က လက်ကိုချုပ်ပြီး ကိုယ်ဖြင့်ဖိချသည်ဟု အမြင်များရှိနေရာ ဆာလက်ခ်ျ လက်မောင်း အဆစ်ပြုတ်သွားခြင်း အတွက် ရာမို့စ်မှာ ရည်ရွယ် ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ရုပ်သံတင်ဆက်သူများဖြစ်သည့် လမ်း ပတ်နှင့် ရီယိုဖာဒီနန်တို့က သုံးသပ်ပြောကြား သွားသည်။
ရာမို့စ်သည် ဆာလက်ခ်ျကို ဒဏ်ရာရစေကာ အသင်းအသာရစေရန် ကြံစည်ခြင်းဖြစ်မည်လားဟု မေးမြန်းရာ ဘီတီစပို့တ်တွင် ထိုပွဲကို သုံးသပ်တင်ဆက်သည့် လမ်းပတ်က ''ရည်ရွယ်ပြီးလုပ်တယ်လို့ မထင်ပါဘူး။ ခံစစ်မှူးတိုင်းက အနီးကပ်ဆုံး ဖြစ်လာတဲ့ပြိုင်ဘက်ကို ကပ်ကစားရတဲ့ အခါမျိုးမှာ ဒီလိုပဲ ချုပ်တွန်းတာမျိုး လုပ်ကြတာပါပဲ။ ကံ အကြောင်းမလှလို့ ဆာလက်ခ်ျ ဒီလိုဒဏ်ရာရသွားတာပါ'' ဟု ပြောသည်။
ဖာဒီနန်ကလည်း ''ရာမို့စ်က အကောင်းဆုံး ခံစစ်ကစားသွားခြင်းသာ ဖြစ်တယ်။ သူက ဆာလက်ခ်ျကို နာကျင်စေလိုတဲ့ လုပ်ရပ်မျိုးနဲ့ ရည်ရွယ်ပြီး လုပ်တာလည်း မဟုတ်ဘူး'' ဟု သုံးသပ်ခဲ့သည်။
ဖာဒီနန်နှင့် လမ်းပတ်တို့နှစ်ဦးစလုံးက လီဗာပူး၏ ယခုပွဲကျရှုံးရခြင်းမှာ ဂိုးသမားကာရီရက်စ်၏ ကြီးမားလွန်းသော အမှားကျူး လွန်မိခြင်းကြောင့် သာဖြစ်ကြောင်းနှင့် အရေးကြီးသော ပွဲကြီးတွင် ထိုအမှားမျိုး မကျူးလွန်သင့်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။
MWD
No comments:
Post a Comment