Latest News

Monday, May 28, 2018

တရုတ်လက်ရွေးစင် အသင်းကို ရှုံးသော်လည်း ဝမ်းနည်းခြင်း မရှိဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီ ဟေးပြော

တရုတ်လက်ရွေးစင် အသင်းကို ရှုံးသော်လည်း ဝမ်းနည်းခြင်း မရှိဟု  မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီ ဟေးပြော

ရန်ကုန်    မေ   ၂၇

တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ယမန်နေ့က ယှဉ်ပြိုင်ကစားသည့်   တရုတ်လက်ရွေးစင် အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်   အန်တွမ်နီဟေးက မိမိ ကစားသမား များ၏   စွမ်းဆောင်မှုကို အပြည့်အဝ   ကျေနပ် အားရကြောင်းနှင့် တရုတ်လက်ရွေးစင် အသင်းကဲ့သို့  အာရှ ထိပ်တန်း အသင်းတစ်သင်းကို   စနစ်တကျ ကစားနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း ပွဲအပြီးကျင်းပ သည့်  သတင်းစာရှင်းလင်းပွဲ တွင်ပြောသည်။

''ခြေစမ်းပွဲက အသင်းရလဒ်အတွက် ဘာမှ ပြောစရာမရှိပါဘူး။   ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့  ရလဒ်ကို အပြည့် အဝ အားရကျေနပ်သလို ရလဒ်အတွက်ဝမ်းနည်းခြင်းမရှိ ပါဘူး။ ဒီခြေစမ်းပွဲကနေ အတွေ့အကြုံကောင်း တွေအများကြီး ရခဲ့သလို တန်ဖိုးရှိတဲ့ ခြေစမ်းပွဲလည်း ဖြစ်ခဲ့ပါတယ်။   တရုတ်လက်ရွေးစင်အသင်းက အာရှရဲ့  ထိပ်တန်း အသင်းကြီး တစ်သင်းပါ။ နာမည်ကျော်ပြီး  ပြည့်စုံကြွယ်ဝ တဲ့ လိဂ်ပြိုင်ပွဲရဲ့ ကလပ် အသင်းတွေက ကစား သမားကောင်းတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းကို ကျွန်တော်တို့ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ  ချေပဂိုးဖြစ်စေမယ့် တန်ပြန် ဖန်တီးမှုတွေ ရရှိခဲ့ပါသေးတယ်။ ခြေစမ်းပွဲက နှစ်သင်းစလုံးအတွက်   အကောင်းဆုံး ခြေစမ်းပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်''ဟု အန်တွမ်နီဟေက ပြောသည်။

အလားတူ အသင်းခေါင်းဆောင် ဇော်မင်း ထွန်းကလည်း ပြိုင်ဘက် ကစားသမားများမှာ လျင်မြန်၍ နည်းစနစ် ကျွမ်းကျင်စွာ ကစားနိုင်ကြသော ကစားသမားများဖြစ်ပြီး ခက်ခက် ခဲခဲ ယှဉ်ပြိုင်ခဲ့ရကြောင်း၊  အတွေ့အကြုံ ကောင်းများ ရရှိခဲ့ပြီး  မြန်မာ့လက်ရွေးစင် အသင်းအတွက် တန်ဖိုးရှိသော ခြေစမ်းပွဲ တစ်ပွဲဖြစ်ခဲ့ကြောင်း၊ ကျောနံ ပါတ် (၇)၊ (၁ဝ)နှင့် (၁၇) စသည့် ကစားသမားများမှာ တရုတ် လက်ရွေးစင် အသင်းအတွက် အကောင်းဆုံး ကစား သွားခဲ့ကြောင်း ပြောသည်။

MWD

No comments:

Post a Comment