Latest News

Saturday, May 19, 2018

ပုသိမ်မြို့ တွင်အများပြည်သူသွားလာနေသော်လမ်းအားပိတ်ဆိုပြီးကျူးကျော်အိမ်များတည်ဆောက်နေမူ့ အပေါ် ဒေသခံများ မီးရေးထင်းရေး စိုးရိမ်လျက်ရှိ

ပုသိမ်မြို့ တွင်အများပြည်သူသွားလာနေသော်လမ်းအားပိတ်ဆိုပြီးကျူးကျော်အိမ်များတည်ဆောက်နေမူ့ အပေါ် ဒေသခံများ မီးရေးထင်းရေး စိုးရိမ်လျက်ရှိ


ပုသိမ် မေ၁၉ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရယက(၈)နယ်မြေ ဧရာမင်းရပ်ကွပ် လမ်းသွယ်(၃)လမ်း အားပိတ်ဆို့ထားပြီးကျူးကျော်အိမ်ယာများတည်ဆောက်နေမူ့အပေါ် ဒေသခံများ  မီးရေးထင်းရေးစိုးရိမ်နေလျက်ရှိပြီး ၎င်းလမ်းအား ပြန်ဖွင့်ပေးစေလိုကြောင်း ၂၀၁၈ ခုနှစ် မေ၁၇ရက် ကြာသာပတေးနေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဒေသခံများမှ ပြောကြားခဲ့သည်

အဆိုပါလမ်းသွယ်(၃)လမ်းပိတ်ဆို့ ထားသည့်နေရာတွင် အမှတ်​(၁၆၀)ဂရန်​​မြေကွက်​မှာအစိုးရခွင့်​ပြုချက်​နဲ့တာဝါတိုင်​လုပ်​ထားပြီး မီးစက်​ပါတာမို့​လောင်​စာဆီသို​လှောင်​ရ သည့်အတွက်ကြောင့်မီး​ရေးထင်း​ရေးစိုးရိမ်​နေကြတာပါ

အဆိုပါလမ်းသွယ်ပေါ်တွင်ကျူးကျော်အိမ်ဆောက်နေသည့် တဲအိမ်ကို  ဦးထွန်းနိုင် ဝယ်ယူရန်အတွက်ရာအိမ်မှူး ဦးမောင်ရွှေမှ ကူညီပံ့ ပိုးပေးခဲ့ပြီးရပ်ကွပ်သူကြီးအသိအမှတ်ပြု ဝယ်ယူကာ နေအိမ် ပြန်ဆောက်ခဲ့ပြီး အများပြည်သူသွားလာနေသည့်လမ်းကို ခြံခတ်ပိတ်ဆို့ ထားကြောင်း ဧရာမင်းရပ်ကွပ်ရှိဒေသခံများထံမှ သိရသည်
၎င်းလမ်းသွယ်ကို ပိတ်ဆို့ပြီး ကျူးကျော်အိမ်ယာ တည်ဆောက်ကာ ကျူးကျော်အဖြစ်နေထိုင်သည့် သူများက ၂၀၁၄ခုနှစ်ထဲက ၂၀၁၈ခုနှစ် အထိ ၄နှစိတိုင်ပိတ်ဆို့ခဲ့ခြင်းဖြစ်ပါသည်

ယခုလိုပိတ်ဆို့ထားမူ့များကြောင့် သွားရေးလာရေးအခက်အခဲဖြစ်ကာ မီးရေးထင်းရေးအတွက်စိုးရိမ်နေရကြောင်း  လမ်းပိတ်ဆို့ထားလို့မီးသတ်ကားများဝင်ရန်အခက်အခဲရှိနေကြောင်း  ဧရာမင်းလမ်းနေ ဦးဝင်းချိုကတိုင်းဧရာကိုပြောသည်

"ဒီလမ်းပိတ်ပြီးကျူးကျော် အိမ်တွေဆောက်နေတာသဘာဝမကျဘူး  ခုဒီလမ်းပိတ်ထားတော့ မီးသတ်ကားတွေဝင်လို့လည်းမရတော့ဘူး လမ်းပိတ်ထားတော့တစ်နေရာနဲ့တစ်နေရာနဲ့သွားကတာဝေးသွားပြီး ဒီလမ်းပိတ်ဖို့အတွက်လည်းခုလက်ရှိရာအိမ်မှူးက ကူညီနေတာပါ ကြာပါပြီ သက်ဆိုင်ရာကိုအဆင့်ဆင့်အကြောင်းကြာပြီးပါပြီး ဒီလမ်းကိုအမြန်ဆုံးပြန်ဖွင့်ပေးစေချင်ပါတယ်"လို့ ဦးဝင်းချိုက ၎င်း၏ဆန္ဒသဘောထားကိုတိုင်းဧရာကိုပြောပါသည်

၂၀၁၄ခုနှစ်ထဲက ၂၀၁၈ခုနှစ်အထိ တိုင်းဒေသကြီးအစိုးရဝန်ကြီး ချူပ်ထံသို့၎င်း ပုသိမ်မြိုနယ် စည်ပင်သာယာရေးကော်မတီ အမှုဆာင်အရာရှိထံသို့၎င်း ရယက(၈)နယ်မြေ အုပ်ချူပ်ရေးမှူးဦးအောင်အောင်ထံသို့၎င်း ဧရာဝတီတိုင်း အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးအေးကျော်ထံသို့၎င်း ပုသိမ်မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ရုံးသို့၎င်း  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးထံသို့၎င်း ယင်းလမ်းပိတ်ဆို့  မူ့ကို တရားသော ဥပနှေင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် တင်ပြတောင်ဆိုထားသော်လည်း လက်ရှိအချိန်အထိ ဖြေရှင်းပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်

"မြေစာရင်းတွေထဲမှာလည်း ဒီလမ်းသွယ်ပါပါတယ်  လမ်း အဖြစ်မြေစာရင်းထဲမှာပါနေရဲ့ နဲ့ ခုလိုလမ်းပိတ်ဆို့ထားတာဟာ မတရားဘူးလို့ထင်မြင်မိတယ် ဒီကဒေသခံတွေက ဒီလမ်းကိုပြန်ဖွင့်ပေးစေချင်နေပြီ ပြန်ဖွင့်ပေးဖို့အတွက်လည်းသက်ဆိုင်ရာကိုအဆင့်ဆင့်တင်ပြ ထားပါတယ် ခုထိ ထိထိရောက်ရောက်မဖြေရှင်းပေးသေးပါဘူး ဒီလမ်းအမြန်ဆုံးဖွင့်ပေးဖို့အတွက်တောင်းဆိုပါတယ်"ဟု ရယက(၈)နယ်မြေ အုပ်ချူပ်ရေးမှူးဟောင်း ဦးဟန်ဝင်းအောင်ကတိုင်းဧရာကိုပြောသည်

"ကျူးကျော်အိမ်ယာတွေနဲ့ပက်သက်ပြီး ကျွန်တော်အနေနဲ့ လမ်းပေါ်တက်ဆောက်ရင်တောင်တားနေပါတယ်တားနေရဲ့နဲ့ဆောက်နေကြတာပါ ဒါကအစိုးရတစ်ရပ်အနေနဲ့ဖြေရှင်းပေးမှရမယ်လို့ထင်တယ် ခုဒီလမ်းသွယ်(၃)လမ်းကို ကျွန်တော်အနေနဲ့လည်းပြန်ဖွင့်ပေးစေချင်တာပေါ့ လမ်းပိတ်ထားတော့သွားလာရေးအခက်အခဲဖြစ်တယ်လေ တကယ်မရှိလို့ကျူးကျော်နေတဲ့သူတွေကိုလည်း အစားထိုးမြေပြန်ပေးပြီးဖြေရှင်းပေးစေချင်တယ်လို့"ရယက(၈)နယ်မြေ အုပ်ချူပ်ရေးမှူး ဦးအောင်အောင်က တိုင်းဧရာကိုပြောသည်

လက်ရှိတွင် အဆိုပါလမ်းအားပိတ်ဆို့ ထားပြီးကျူးကျော်နေထိုင်သည့် နေအိမ် ၂လုံးရှိပြီး ဧရာမင်းရပ်ကွပ်တွင် ကျူးကျော်နေအိမ် စုစုပေါင်းအလုံး၂၀၀ခန့် ရှိကြောင်းသတင်းရ ရှိသည်

သတင်းထောက် =ရွှေရည်ဝင်း
ဓာတ်ပုံ=ရွှေရည်ဝင်း

No comments:

Post a Comment