Latest News

Saturday, May 19, 2018

မလေးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က နာဂျစ်ရာ ဇက်ကို ဆင့်ခေါ်

မလေးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က နာဂျစ်ရာ ဇက်ကို ဆင့်ခေါ်

ကွာလာလမ်ပူ မေ  ၁၈

မလေးရှား အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) သည် နိုင်ငံပိုင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည့် 1MDB ကုမ္ပဏီမှ လာဘ်စားမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ဆင့်ခေါ်သည်။

နိုင်ငံပိုင် ရန်ပုံငွေဌာန တစ်ခုဖြစ် သည့် SRC International သည် နာဂျစ်ရာဇက်၏ ဘဏ်အကောင့်ထဲသို့ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၆ သန်း လွှဲပြောင်းပေးလိုက်သည့် အထောက်အထားကို ရရှိထားပြီဖြစ်ကြောင်း MACC ၏ အမှုတွဲများကို သုံးသပ်သည့်အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးကပြောသည်။

အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်မှ တာဝန်ရှိသူများသည် မေ ၁၈ ရက်တွင် ကွာလာလမ်ပူမြို့ရှိ နာဂျစ်ရာဇက်၏ နေအိမ်သို့ ရောက်လာကြောင်း မျက်မြင်တွေ့ရှိသည့် Reuters သတင်းဌာနမှ သတင်းထောက်တစ်ဦးက ပြောသည်။

အဆိုပါ တာဝန်ရှိသူများသည် SRC နှင့် ပတ်သက်သော အစီရင်ခံစာကို မှတ်တမ်းတင်ရန်အတွက် လာမည့်မေ ၂၂ ရက်တွင် MACC ၏စစ်ဆေးမှုကို လာရောက်ခံယူရန် နာဂျစ်အား လာရောက်သတိပေး အကြောင်းကြားခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ် တစ်ခုက အတည်ပြု ပြောဆို ထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နာဂျစ်ရာဇက်၏ ပြောရေးဆိုခွင့်ရှိသူက တစ်စုံတစ်ရာ မှတ်ချက်ပြုထားခြင်းမရှိဟု  Reuters သတင်းဌာနက ဖော်ပြသည်။ The Star သတင်းစာကလည်း ခိုင်လုံသော သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကို ကိုးကား၍ အလားတူဖော်ပြထားသည်။ နာဂျစ်ရာဇက်နှင့် ဇနီးတို့ကို လူဝင်မှုကြီးကြပ်ရေးဌာနက အမည်ပျက်စာရင်း သွင်းထားပြီး နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ကို တားမြစ်ထားသည်။

1MDB အမေရိ ကန်ဒေါ်လာ သန်းပေါင်းများစွာ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို မကြာမီတရားစွဲဆိုနိုင်မည်ဟု ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြောထားကြောင်း သိရသည်။

MWD

No comments:

Post a Comment