Latest News

Saturday, May 19, 2018

ကော့သောင်းဘုတ်ပြင်း အဝေးပြေးလမ်းပေါ်ယာဉ်တိုက်မှုဖြစ်ပွား

ကော့သောင်းဘုတ်ပြင်း အဝေးပြေးလမ်းပေါ်ယာဉ်တိုက်မှုဖြစ်ပွား

ကော့သောင်း   မေ  ၁၉

ကော့သောင်းဘုတ်ပြင်းအဝေးပြေးလမ်းမိုင်တိုင်အမှတ် ၂၅၂/၄ နှင့် ၂၅၂/၅ အကြားမေလ ၁၈ ရက်နေ့ ညနေ  (၆)နာရီခန့် က ယုဇနဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီပိုင် လုပ်ငန်းသုံးထရပ်ယာဉ် နှင့် မှန်လုံခရီးသည် တင်မော်တော်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်မှာအဆိုပါနေ့ ညနေ က ကော့သောင်းမြို့ မှ မော်လမြိုင်မြို့ သို့သွားရောက်မည့် ယာဉ်မောင်းလှိုင်ဇော်  မောင်းနင်လာသည့်  ထွန်းမြင့်မိုရ် ခရီးသည်တင် မှန်လုံယာဉ် NISSAN TARVAN သည် ခရီးသည်(၁၂)ဦးတင်ဆောင်၍ကော့သောင်းဘုတ်ပြင်းအဝေးပြေးလမ်းအတိုင်းမောင်းနင်လာစဉ် တဖက်မှ ကော့သောင်းမြို့သို့မောင်းနင်လာသည့် ယုဇနဆီအုန်းကုမ္ပဏီပိုင် ယာဉ်မောင်း မျိုးမြင့်ကျော်   ဆိုသူမောင်းနင် လာသည့် FORLAND အမျိုးအစားအပြာရောင် ထရပ်ယာဉ် မှာမိုင်တိုင် အမှတ်၂၅၂/၄နှင့်၂၅၂/၅အရောက် အရှိန်မထိန်းနိုင်ဖြစ်ကာတဖက် ယာဉ်ကြောသို့ရောက်ရှိသွားပြီးထွန်းမြင့်မိုရ်ခရီးသည်တင်မှန်လုံယာဉ် ၀ဲဖက်ခြမ်းအားဝင်ရောက်တိုက်မိရာ ကားပေါ်ပါ ခရီးသည်များအနက်  သံဃာတစ်ပါး နှင့် အမျိုးသမီး(၃)ဦးဒဏ်ရာအသီးသီးရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် နှင့်စပ်လျဉ်း၍ ယာဉ်အားအဆင်မခြင် မောင်းနှင်သူမျိုးမြင့်ကျော်အားကော့သောင်းမြို့ မ ရဲတပ်ဖွဲ့စခန်းမှ မော်တော်ယာဉ်ဥပဒေများအရဆက်လက် စစ်ဆေးအရေးယူဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)မြန်​မာ့အလင်း

No comments:

Post a Comment