Latest News

Tuesday, May 15, 2018

ရေဘေးကာကွယ်ရေးအတွက်မြစ်ကမ်းထိမ်းသိမ်းခြင်းနှင့်ပန်းတာ တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ထား

ရေဘေးကာကွယ်ရေးအတွက်မြစ်ကမ်းထိမ်းသိမ်းခြင်းနှင့်ပန်းတာ
တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ထား

ဟင်္သာတ မေ ၁၅

        ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် င၀န်မြစ်ရေကာတာတမံ၃၂/၁-၃၂/၂+၅၂၀ ပေတွင် မြစ်ကမ်းပါးရေတိုက်စားမှုကြောင့်ကမ်းပါးအက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး တာတမံနှင့် အလွန်နီးကပ်လာမှုကြောင့် မြစ်ကမ်းပါးပြိုခြင်းနှင့် တာတမံထိခိုက်ပျက်စီးမှုမရှိစေရန်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကမြစ်ကမ်းထိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်းသိရသည်။

        မြစ်ကမ်းထိမ်သိမ်းခြင်းလုပ်ငန်းတွင်ကမ်းပါးအက်ကွဲကြောင်းဖြစ်ပေါ်သည့်နေရာများတွင် ရေလွှဲတန်းများတည်ဆောက်ခြင်း၊ ကမ်းခြေထိမ်းတန်းတည်ဆောက်ခြင်း၊ကွန်ကရစ်ဆူးတိုင်များချခြင်း၊ မြစ်ကမ်းဆင်ခြေလျောပြုလုပ်ပြီးမြက်စိုက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိပြီး င၀န်တာမိုင်၃၂/၁-၃၂/၂+၅၂၀ ပေအတွင်း  ပန်းတာအသစ်တည် ဆောက်၍ ရေဘေးကာကွယ်ထားကြောင်း
ဟင်္သာတခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနမှသိရ သည်။

        ထိုသို့ဆောင်ရွက်ထားခြင်းကြောင့် ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်နှင့်ပုသိမ်ခရိုင်အတွင်းရှိ ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ်၊ကျုံပျော်မြို့နယ်များအား ရေကြီးနစ်မြုပ်မှ ကာကွယ်ပေးနိုင်ရုံသာမကဆက်သွယ်ရေးလမ်း များနှင့် လယ်မြေဧက (၃၆၃၃၅)ဧကအားရေကြီးနစ်မြုပ်ပျက်စီးမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment