Latest News

Tuesday, May 15, 2018

ပုသိမ်မြို့တွင် စစ်ပွဲများအား ရပ်တန့်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုသွားမည့်ရက် ပြောင်းရွေ့ 

ပုသိမ်မြို့တွင် စစ်ပွဲများအား ရပ်တန့်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုသွားမည့်ရက် ပြောင်းရွေ့ 


ပုသိမ် မေ၁၅ရက်

ပုသိမ်မြို့   မြို့တော်ခမ်းမရှေ့ ရှူခင်းသာရင်ပြင်တွင်ပုသိမ်ခရိုင်အတွင်းရှိ  ငြိမ်းချမ်းရေးလိုလားသူများနှင့် ပုသိမ်တက္ကသိုလ်ကျောင်းသူ ကျောင်းသားများစုပေါင်း လုပ်ဆောင်မည့် စစ်ပွဲများ ရပ်တန့်ပေးရေးဆန္ဒပြတောင်းဆိုမည့် နေ့ကို ယခင်က ၂၀၁၈ မေလ ၁၆ရက်နေ့ညနေ၄နာရီမှ၆နာရီအထိပြုလုပ်မည့် ဖြစ်ပြီး ယခုတွင် မေ၁၇ရက်နေ့ ညနေ၃နာရီမှ ၅နာရီ သို့ရက်ပြောင်းရွှေ့လိုက်ကြောင်းသတင်းရ ရှိသည်

ဆန္ဒပြတောင်းဆိုမည့်ရက် ကပ်နေသည့်အချိန်မှ  စာတင်သော်ကြောင့်၎င်း ဆန္ဒပြတောင်းဆိုမည်ဟု စာတင်လျှင် ၄၈နာရီအတွင်းစာတင်ရမည်ဖြစ်သ်ာကြောင့်၎င်း တိုင်းအစိုးရအဖွဲ့မှ  ညနေ၅နာရီအထိသာ ဆန္ဒပြ ရမည် ဟု ရဲတပ်ဖွဲ့ ဝင် များအား ညွန်းကြားထားသော်ကြောင့် ၎င်း အဆိုပါအချက်များကြောင့် ရက်ပြောင်းရွှေ့ လိုက်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ငြိမ်းချမ်းရေးကော်မတီဝင် ဆန္ဒပြ ဦးဆောင်သူ ဦးကျော်စွာမှ တိုင်းဧရာကိုပြောသည်

"ဒီနေ့ မြတ်တိုက မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးကိုစာသွားတင်ခဲ့ပါတယ် ၄၈နာရီအတွင်း စာတင်ပြီးမှခွင့်ပြု မိန့် ဆုံးဖြတ်တက်မယ်ပြောလို့ ရက်ကို ပြောင်းလိုက်တာပါ ခွင့်ပြုမိန့်ကျ မကျ တာ့မသိပါဘူး အဲနေ့ကိုတော့ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသွားမှာပါ"ဟု ဦးကျော်စွာက ပြောပါသည်

လက်ရှိတွင် မေ၁၇ရက် နေ့ မှာ ကချင်ပြည်နယ်ရှိ စစ်ပွဲများအားရပ်တန့်ပေးရေးအတွက် ငြိမ်းချမိးစွာဆန္ဒပြ ရေးအတွက် ကြိုတင်ပြင်ဆင်မူ့များနှင့် အစည်းအဝေးများလုပ်ဆောင်နေလျက်ရှိသည်

သတင်း =ရွှေရည်ဝင်း

No comments:

Post a Comment