Latest News

Thursday, May 17, 2018

အာဆင်နယ်အသင်းက ဝင်းဂါး၏ လက်ရုံး ခြောက်ဦး စလုံးကို ထွက်ခွာခိုင်း

အာဆင်နယ်အသင်းက ဝင်းဂါး၏ လက်ရုံး ခြောက်ဦး စလုံးကို
ထွက်ခွာခိုင်း

လန်ဒန် မေ ၁၆

အာဆင်နယ် အသင်းကို ၂၂ နှစ်ကြာ နည်းပြပေးခဲ့သည့် ဝင်းဂါးအသင်းမှ ထွက်ခွာသွားပြီ ဖြစ်ရာ အာဆင်နယ် အသင်းသည် နောက်ဆက်ခံမည့် နည်းပြအနေဖြင့် မိမိစိတ်ကြိုက် လက်ထောက်များအား ခန့် အပ်နိုင်ရေးအတွက် ဝင်းဂါးလက်အောက်တွင် နှစ်ပေါင်းများစွာ လက်တွဲခဲ့သည့် ခြောက်ဦးကို အသင်းတွင် မလိုအပ်တော့ကြောင်း အသိပေးကာ ထွက် ခွာစေခဲ့ကြောင်း သိရသည်။

အဆိုပါခြောက်ဦးတွင် ဆေးဘက်ဆိုင်ရာ တာဝန်ခံ ကောလင်းလီဝင်လည်း ပါဝင်ပြီး နီးလ်ဘန်းစ်ဖီး၊ တိုနီကိုဘတ်၊ ဂယ်ရီပေတန်နှင့် ပေါလ်ဂျွန်ဆင်တို့ ပါဝင်သည်။ လီဝင်သည် အာဆင်နယ် အသင်းတွင် ဆေးဘက် ဆိုင်ရာတာဝန်ခံနှင့် ဝင်းဂါး၏ ညာလက်ရုံးအဖြစ် ၂၂ နှစ်ကြာ တာဝန်ယူခဲ့ပြီး ဘန်းစ်ဖီးမှာလည်း ပထမ အသင်းနည်းပြအဖြစ် နှစ်ပေါင်း ၂ဝ ကျော် အာဆင်နယ်တွင် ရှိနေခဲ့သူဖြစ်သည်။

ဂိုးနည်းပြဂယ်ရီပေတန်၊ ကြံ့ခိုင်ရေးမှူး တိုနီကိုဘတ်နှင့် အသင်းအသုံးအဆောင် မန်နေဂျာ ပေါလ်ဂျွန်ဆင်တို့ကိုလည်း အသင်းတွင် ဆက်လက် အလိုမရှိတော့သောကြောင့် ကိုယ့်လမ်းကိုယ်လျှောက်ရန် အာဆင်နယ်အသင်းမှ မေ ၁၄ ရက်က အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

နည်းပြအဖွဲ့ထဲမှ ပရီမော်ရက်သည် လည်း အသင်းမှ ထွက်ခွာသွားပြီဖြစ်သည်။ သို့သော် ၂ဝ၁၂ ခုနှစ်ကတည်းက ဝင်းဂါး၏ လက်ထောက်နည်းပြ လုပ်ခဲ့သော စတိဗ်ဘိုးလ်နှင့် ဂိုး နည်းပြ လေမန်းတို့ကို အသင်းက စာချုပ်သက်တမ်းတိုးပြီး ဆက်ထားရန် စီစဉ်နေသည်။ အာဆင်နယ် အသင်းသည် နည်းပြသစ်အဖြစ် လျာထားစာရင်းတွင် လက်ရှိ မန်စီးတီးအသင်း၌ ဂွါဒီယိုလာ၏ လက်ထောက်နည်းပြ လုပ်နေသော အသင်းကွင်းလယ် ကစား သမားဟောင်း အာတီတာ၊ လက်ရှိမေဂျာလိဂ် ကလပ် နယူးယောက် စီးတီးအသင်းနည်းပြ ဗီအဲရာနှင့် ဟော့ဖန်ဟိမ်း အသင်းနည်းပြ နီဂယ်စ်မန်းတို့ ရေပန်း စားနေသည်။

အစောပိုင်းက နည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံး ဖြစ်ခဲ့သည့် လူးဝစ်အင်းနရစ်နှင့် အလီဂရီတို့ကို ခေါ်ယူရေးမှာ ငွေကြေးအသုံးစရိတ် ကန့်သတ်ချက်ကြောင့် မဖြစ်နိုင်တော့ေ ကြာင်း သိရသည်။ ဂျူဗင်တပ်စ်အသင်း နည်းပြအလီဂရီက ''ကျွန်တော်နဲ့ ဂျူဗင်တပ်စ် အသင်းကြားမှာ ရှိထားတဲ့ စာချုပ်ကို လေးစားရမှာပါ။ အသင်းက ကျွန်တော့်ကို မထုတ်ပယ်ရင် နောက်ရာသီ ဂျူဗင် တပ်စ် အသင်းမှာပဲ ဆက်ရှိနေမှာပါ'' ဟု ပြောကြားခြင်းကြောင့် အလီဂရီမှာ ဂျူဗင်တပ်စ်အသင်းတွင်သာ ဆက်ရှိနေတော့မည် ဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိလက်ေ ထာက်ဖြစ်သော အာတီတာကို အာဆင်နယ်အသင်းက ကမ်းလှမ်းလာလျှင် တားဆီးမည် မဟုတ်ဘဲ ကျေနပ်စွာခွင့်ပြုမည်ဟု ပြောကြားထားသောကြောင့် အာတီတာမှာ အာ ဆင်နယ် နည်းပြ ဖြစ်လာနိုင်ခြေ များနေသည်။

MWD

No comments:

Post a Comment