Latest News

Thursday, May 17, 2018

အဆင့်မြင့် ဆွေးနွေးပွဲကို မြောက်ကိုရီးယားက တစ်ဖက်သတ် ဖျက်သိမ်းမှု တောင်ကိုရီးယား ဝမ်းနည်း

အဆင့်မြင့် ဆွေးနွေးပွဲကို မြောက်ကိုရီးယားက တစ်ဖက်သတ်
ဖျက်သိမ်းမှု တောင်ကိုရီးယား ဝမ်းနည်း

ဆိုး မေ ၁၆

ကိုရီးယားနှစ်နိုင်ငံ အကြား ပြုလုပ်မည့် အဆင့်မြင့် ဆွေးနွေးပွဲကို မြောက်ကိုရီးယား အစိုးရက တစ်ဖက်သတ် ဖျက်သိမ်းလိုက်ခြင်းအပေါ် ဝမ်းနည်းကြောင်း တောင်ကိုရီးယား ပေါင်း စည်းရေး ဝန်ကြီးဌာနက မေ ၁၆ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့၏ ပုံမှန်ပြုလုပ်မြဲ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုကို အကြောင်းပြ၍ မြောက်ကိုရီးယား အစိုးရက အဆိုပါ ဆွေးနွေးပွဲကို ဖျက် သိမ်းလိုက်ခြင်းသည် ဝမ်းနည်းဖွယ် ကောင်းကြောင်း ပေါင်းစည်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့် ဆွေးနွေး ပွဲကို မေ ၁၆ ရက်တွင် ပြုလုပ်ရန် သဘောတူထားသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုသည် ရန်စမှုဖြစ်သည်ဟု KCNA သတင်းဌာနက ထုတ်ပြန်သည်။၂ဝ၁၈ Max Thunder ဟုအမည်ပေးထားသည့် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နှင့် တောင်ကိုရီးယားတို့က မေ ၁၄ ရက်မှ ၂၅ ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ရေးေ လ့ကျင့်မှုတွင် လေယာဉ် အစင်း ၁ဝဝ ခန့်ပါဝင်သည်။ ထိုလေယာဉ်များတွင် F-22 ကိုယ်ပျောက် တိုက်လေယာဉ် ရှစ်စင်းနှင့် အရေအတွက် အတိအကျ မသိရသည့် B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပါဝင်ကြောင်း Yonhap သတင်းဌာနက ဖော်ပြသည်။

အဆိုပါ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားကို လက်ဦးမှု ရယူနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်၌ ဖြစ်ပေါ်နေ သည့် အပြုသဘောဆောင် နိုင်ငံရေး အခြေအနေ တိုးတက်မှုကို စစ်ရေးနည်းဖြင့် တမင်ရန်စခြင်း ဖြစ်သည်ဟု KCNA သတင်းဌာနက ထုတ်ပြန်ကြောင်း သိရသည်။

MWD

No comments:

Post a Comment