သရုပ်ဆောင် ခင်လှိုင် ဒါရိုက်တာ အဖြစ် တာဝန်ယူ ရိုက်ကူးမည်
ရန်ကုန် မေ ၁၆
ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် သည့် ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်က အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မြင့်မြတ် တို့ပါဝင်မည့် ဟာသရုပ်ရှင်ဇာတ်ကား တစ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူး မည်ဖြစ်သည်။ ယင်းရုပ်ရှင် ဇာတ်ကားကို Love to Production မှ ထုတ်လုပ်မည်ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလတွင် စတင် ရိုက်ကူးမည်ဖြစ်သည်။
ရုပ်ရှင်ဇာတ်ကားကို တက်မလာနဲ့ တောက်ချ လိုက်မယ်ဟု အမည်ပေးထားပြီး ဇာတ်လမ်း ကိုလည်း ခင်လှိုင်က ရေးသားထားသည်။ ယင်းဇာတ်ကားမှာ ဖန်စီဟာသ ဇာတ်ကား ဖြစ်ပြီး ခင်လှိုင်အနေဖြင့် တခြားဟာသ ဇာတ်ကားများနှင့် မတူသော ပုံစံဖြင့် ရိုက်ကူးမည်ဖြစ်သည်။
''ဟာသ အားသန်တဲ့ မင်းသား နှစ်ယောက်နဲ့ ဟာသကားရိုက်ရမှာဖြစ်လို့ အခက်အခဲတော့ သိပ်ရှိမှာမဟုတ်ပါဘူး။ ဒါရိုက်တာအနေနဲ့ တာဝန်ယူပြီး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားဆိုတော့ အကောင်းဆုံး ဖြစ်အောင် တတ်သမျှ ပညာတွေ ထုတ်သုံးပြီး ရိုက်ကူးမှာပါ။ နောက်ပိုင်းမှာ အခွင့်အရေးရရင် ရသလို ဒါရိုက်တာ အနေနဲ့ ဇာတ်ကားတွေ ဆက်လက် ရိုက်ကူးသွားမှာပါ'' ဟု သရုပ်ဆောင် ခင်လှိုင်ကပြောသည်။
MWD
No comments:
Post a Comment