Latest News

Monday, May 14, 2018

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင်မည်

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင်မည်

ရန်ကုန် မေ ၁၃

MMA ပြိုင်ပွဲ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။ ယင်းချန်ပီယံဆုကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။

ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် ဘရာဇီးနိုင်ငံသား လီအန်ဒရိုတို့ ယှဉ်ပြိုင်ရာ လီအန်ဒရိုက တတိယ အချီတွင် အနိုင်ရ ခဲ့သောကြောင့် အောင်လအန်ဆန်ကို စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ လီအန်ဒရိုသည် ၂ဝဝ၈ ခုနှစ်တွင် MMA ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခဲ့ပြီး ယမန်နေ့က ယှဉ်ပြိုင်သည့်ပွဲအပါအဝင် စုစုပေါင်း ၁၄ ပွဲယှဉ်ပြိုင်ထားရာ ၁၁ ပွဲနိုင်၊ သုံးပွဲရှုံးထားသည်။

လီ အန်ဒရိုသည် နောက်ဆုံးယှဉ်ပြိုင်သည့် သုံးပွဲဆက်အနိုင်ရထားပြီး အနိုင်ရသော ပြိုင်ဘက်များမှာ အောင်လအန်ဆန် အနိုင်ရခဲ့သည့် မိုဟာမက်အလီ (အီဂျစ်)၊ ပတ်ခ်စတာ နက် (ပိုလန်) နှင့် ဗစ်တာလီ ဘစ်ဒက်ရှ် (ရုရှား) တို့ဖြစ်သည်။ လီအန်ဒရိုသည် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲအတွက် ပြင်ဆင်ချိန် တစ်လကျော် ရရှိမည်ဖြစ်သည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ တွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဆုရထားပြီး ပထမဆုံး ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကိုကာကွယ်ရ မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ သည့်ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

MWD

No comments:

Post a Comment