Latest News

Monday, May 14, 2018

၂၀၁၈ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံတကာ ခရီးသွားဧည့်သည့် ငါးသိန်းဝင်ရောက်မည်ဟု ခန့်မှန်း

၂၀၁၈ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံတကာ
ခရီးသွားဧည့်သည့် ငါးသိန်းဝင်ရောက်မည်ဟု ခန့်မှန်း



မန္တလေး   မေ  ၁၄

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၈ခုနှစ်အတွင်းနိုင်ငံတကာခရီးသွား ဧည့်သည် ငါးသိန်းဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစန်းယုကပြောသည်။

ယမန်နှစ်က တိုင်းဒေသကြီးအတွင်း နိုင်ငံတကာခရီးသွားဧည့်သည့် ၄၅၀၀၀၀ ခန့်ဝင်ရောက်မည်ဟု ခန့်မှန်းထား ရာ ခန့်မှန်းသည်ထက် ၃၀၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် လက်ရှိအခြေအနေအရ ဇန်န၀ါရီလမှ မတ်လအထိ ၁၄၄၆၉၂ ဦး ၀င်ရောက်လျှက်ရှိကြောင်း သိရသည်။

` ဒီနှစ်မှာ ခရီးသွားကဏ္ဍပိုမိုတိုးတက်ဖို့အတွက် မိုးတွင်းကာလမှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဆောင်ရွက် နေတဲ့အစီအစဉ်တွေရှိပါ တယ်၊ ဥပမာဟိုတယ်တွေက ဈေးနှုန်းချတာတွေတစ်ခုတည်းမဟုတ်ပဲ ဧည့်လမ်းညွှန် နဲ့ Tour ကုမ္ပဏီတွေရဲ့ ဈေးနှုန်းလေးတွေကိုပါပြင်ဆယ်၊ အဓိကအရေးကြီးတဲ့ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးဖို့အ တွက် သက်ဆိုင်ရာ ဌာန ဧည့်လမ်းညွှန်တွေကို အဆင့်မြင့်တင်တယ်၊ လက်ရှိမှာ ဟိုတယ်အလုံးရေနဲ့ ဧည့်သည် ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်နေပါတယ်၊ ` ဟု ၎င်းကပြောသည်။

ခရီးသွားဧည့်သည်ဝင်ရောက်မှုတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်း မှုနှင့် သဘာဝဘေးအန္တရာယ်ထိခိုက်မှု မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါကလည်း ကောင်းမွန်ပြည့်စုံသော အစီအမံများကို ကြိုတင်ဆောင်ရွက်ထားရှိ ပြီး ၎င်းအစီအမံများအတိုင်း အစိုးရ၊ပြည်သူနှင့် ပုဂ္ဂလိအားလုံးတို့မှ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပေါင်းစပ်ညှိ နှိုင်းမှုများလုပ်ဆောင်ပေးစေလိုကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၁၅ခုနှစ်တွင် ၃၀၆၄၃၂ ဦး၊ ၂၀၁၆ခုနှစ် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ် ၄၈၃၇၈၄ ဦး ၀င်ရောက်ခဲ့ကြောင်း အဆိုပါဌာနမှတ်တမ်းများအရ သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
ပြန်​/ဆက်

No comments:

Post a Comment